၂၀၂၅/၂၀၂၆ခုနှစ်၊ မြင်းခြံခရိုင်၏ပဲစဉ်းငုံ(မိုးဦး)စိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

         အပူပိုင်းဒေသဖြစ်သာ မြင်းခြံခရိုင်သည် ဆည်ရေသောက် အသင့်တင့်ရှိ၍ ပဲမျိုးစုံ၊ ပြောင်း၊ မြေပဲ၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီများစိုက်ပျိုးလျက်ရှိရာ ပဲစဉ်ငုံ(မိုးဦး) သီးနှံကိုလည်း စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ပဲစဉ်းငုံသီးနှံကို ‌မေလနှင့် ဇွန်လ တို့တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်၊  ဘဏ္ဍာနှစ်တွင် မြင်းခြံခရိုင်ချုပ်အနေဖြင့် စိုက်ပျိုးထားရှိသော ပဲစဥ်ငုံ(မိုးဦး)စီမံကိန်း လျာထားချက် (၁၀၆၄၈၅) ဧကတွင် စိုက်ပျိုးပြီးဧက (၁၀၂၁၆၅) ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မြို့နယ်များအနေဖြင့် စိုက်ပျိုးထားရှိမှုမှာ မြင်းခြံမြို့နယ်တွင် (၆၀၀၃)ဧက၊ တောင်သာမြို့နယ်တွင် (၁၈၃၆၁) ဧက၊ နွားထိုးကြီး မြို့နယ်တွင် (၇၇၈၀၁) ဧကစိုက်ပျိုးထားရှိကြောင်း၊ လျာထားချက်ပြည့်မှီအောင်ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ သက်ကြီးရွှေဒင်္ဂါးမျိုးများကို  စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၀) တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးပတ်တွင် ပဲစဉ်းငုံနီ တစ်တင်း လျှင် (၈၀၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ ထွက်‌ပေါ်ချိန်တွင် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြကြောင်း၊ မိုးကိုမျှော်ပြီးစိုက်ပျိုးရသော သီးနှံဖြစ်သောကြောင့် ရာသီဥတုကောင်း မွန်ပါကအထွက်နှုန်း ပိုမိုထွက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးကောင်းပါကအကျိုး အမြတ်ပိုမိုရရှိနိုင် မည်ဖြစ်ကြောင်း ပဲစဉ်ငုံစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)