ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Nov 2024

နနွင်းမှုန့်ကို ဟင်းခတ်မှုန့်အဖြစ် လူအများသိကြသည်။ မြန်မာ့ရိုးရာဟင်းလျာများတွင် နနွင်းမှုန့်သည် မပါမဖြစ်သော ဟင်းခတ်မှုန့်ဖြစ်သည်။ နနွင်းပင်မှ နနွင်းဥ (အရပ်အခေါ် နနွင်းတက်) ကို ရေစင်အောင်ဆေး၍ ခြောက်သွေ့အောင်နေလှန်းပြီး အမှုန့်ကြိတ်ရပါသည်။ နနွင်းသည် ဆေးဖက်ဝင်သည့်အပင်ဖြစ်ပါသည်။

06 Nov 2024

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

06 Nov 2024

               မန္တလေးမြို့အတွင်းသို့ မြေပဲထွက်ရှိရာဒေသများဖြစ်သည့် ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် မြစ်သားမြို့နယ်မှ ရာသီပေါ်မြေပဲများ ဝင်ရောက်လျက်ရှိပါသည်။ (၆)ဘီးကား (၂)စီးမှ (၃)စီးခန့် ပွဲရုံများသို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး မြေပဲများကိုပွဲရုံများမှတဆင့် လက်လီဆိုင်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချကြကြောင်း သိရှိရသည်။ မြေပဲများကို အမျိုးမျိုးအသုံးပြု၍ရပြီး မြေပဲတောင့်ကို ပြုတ်စား၍သော်လည်းကောင်း၊ မြေပဲလှော်အဖြစ်လည်းကောင်း၊ မြေပဲအဆံကို ဆီကြိတ်၍သော်လည်းကောင်း၊ ကြေ

06 Nov 2024

            ကွန်ပျူတာချစ်ပ်များ ဝယ်ယူမှုနှင့်ပတ်သက်၍ ကမ္ဘာ့ဝယ်လိုအားကျဆင်းလာသည့်  လက္ခဏာများကြောင့် တောင်ကိုရီးယား၏ ပို့ကုန်တိုးတက်မှုသည် အောက်တိုဘာလတွင် တတိယလတွင် နှေးကွေးသွားဖွယ်ရှိကြောင်း Reuters စစ်တမ်းက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြထားသည်။ အာရှ၏ စတုတ္ထအကြီးဆုံးစီးပွားရေးနိုင်ငံမှ ပြင်ပသို့တင်ပို့မှုမှာ အောက်တိုဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၆.၉ ရာခိုင်နှုန်းထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း အောက်တိုဘာ ၂၄-၂၉ စစ်တမ်းမှ စီးပွားရေး ပညာရှင် ၂၂ ဦး၏ ပျမ်းမျှအဆိုအရ သိရသည်။ ယင်းသည် နှစ်စဉ

06 Nov 2024

ကမ္ဘောဒီးယားအစိုးရသည် ၂၀၂၅ခုနှစ်အတွက် ဘဏ္ဍာရေးမူကြမ်း အမေရိကန်ဒေါ်လာ ၉.၃ ဘီလီယံကျော်ခွင့်ပြုပေးခဲ့ပြီး စီးပွားရေးကြီးထွားနှုန်းကို ၆.၃ ရာခိုင်နှုန်းခန့်မှန်းထားခဲ့ကြောင်းသိရပါသည်။ ထိုကြီးထွားနှုန်းကို စက်မှုလုပ်ငန်း (၈.၆ ရာခိုင်နှုန်း)၊ ဝန်ဆောင်မှု (၅.၆ ရာခိုင်နှုန်း) နှင့် စိုက်ပျိုးမွေးမြူရေး (၁.၁ ရာခိုင်နှုန်း) တို့ပါဝင်သော အဓိကကဏ္ဍများတွင် တိုးတက်မှုများရှိခဲ့ခြင်းကြောင့် မျှော်မှန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ငွေကြေးဖောင်ပွနှုန်းကို ၂.၅ ရာခိုင်နှုန်းမျှော်မှန်းထားကြောင်းသိရသည်။ က

Pages