ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Nov 2024

နိုင်ငံတော်စာရင်းအင်းကော်မတီ၏ မကြာသေးမီက အပ်ဒိတ်သတင်းများအရ အဇာဘိုင်ဂျန်နိုင်ငံသည် ပန်းသီးတင်ပို့သည့် ဈေးကွက်တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ တင်ပို့မှုများမြင့်တက်ခဲ့သည်။ အဇာဘိုင်ဂျန်နိုင်ငံသည် ပန်းသီးတန်ချိန်၄၃၀၀၀တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၈.၃ သန်းရရှိခဲ့သည်။ ထိုပန်းသီးတန်ချိန်၄၃၀၀၀မှ တန်ချိန်၃၆၉၀၀အား ရုရှားနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသောတန်ချိန်၄၀၀၀အား ဆော်ဒီအာရေဗျဈေးကွက်သို့တင်ပို့ခဲ့သည်။

06 Nov 2024

မန္တလေးမြို့အတွင်းသို့ အောက်တိုဘာလအတွင်း ပြောင်းဖူးထွက်ရှိရာဒေသများဖြစ်ကြသည့် ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်တွင် စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်နှင့် မုံရွာဘက်မှ ပြောင်းဖူးများသည် မန္တလေးမြို့အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ပြောင်းဖူးများကို (၆)ဘီးကားများဖြင့် တစ်နေ့လျှင် (၃)စီးမှ (၅)စီးအထိ ပွဲရုံများသို့ ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများမှတစ်ဆင့် ဈေးများသို့ လက်လီရောင်းချကြောင်းသိရသည်။ လူကြိုက်များသော သကြားပြောင်းနှင့် ရှမ်းပြောင်းတို့မှာ ပို၍ရောင်းအားကောင်းကြောင

06 Nov 2024

             ကမ္ဘောဒီးယားတော်ဝင်အစိုးရ ( RGC ) နှင့်ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် တောင်ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များပိုမို လာရောက်ရင်းနှီးမြှုပ်နှံကြရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘောဒီးယား-တောင်ကိုရီးယားတို့၏ အစိုးရ-ပုဂ္ဂလိက ကဏ္ဍဆွေးနွေးပွဲကို  ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကောင်စီ ( CDC ) ၏ ဒုတိယဝန်ကြီးချုပ် Sun Chanthol ကိုရီးယားသံအမတ် Park Jung Wook တို့က ဦးဆောင်ကျင်းပခဲ့ပါသည်။ ယခုဆွေးနွေးပွ

06 Nov 2024

မန္တလေးမြို့အတွင်းသို့ ပြင်ဦးလွင်ဒေသမှထွက်ရှိသည့် ကြက်ဥ၊ CP ကြက်များနှင့် မန္တလေးအနီးတဝိုက်ရှိ ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များမှ တစ်နိုင်တစ်ပိုင် မွေးမြူထားသည့် ဗမာကြက်များ ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ပြင်ဦးလွင်မှ CP ကြက်တစ်နေ့လျှင် (၆)ဘီးကား (၃)စီးခန့်၊ ကြက်ဥမှာ (၆)ဘီးကား (၁၅)စီးခန့်၊ ဗမာကြက်များမှာ တစ်နေ့လျှင် ကား(၃)စီးခန့် ဝင်ရောက်လျက်ရှိပါသည်။ နေ့စဉ်ဝင်ရောက်လျက်ရှိသော်လည်း ကြက်ဥဈေးများနှင့် ကြက်သားဈေးများမှာ ဈေးတက်လျက်ရှိပြီး ကြက်ဥဈေးမှာ ယခင်နှစ်က (၁၀)လုံးလျှင်

06 Nov 2024

               အီကွေဒေါသည် ဟောင်ကောင်သို့ ဘလူးဘယ်ရီသီးများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်၍ တင်ပို့ခဲ့သည်။ အီကွေဒေါနိုင်ငံမှ ဟောင်ကောင်သို့ ဘလူးဘယ်ရီသီးများအား တစ်ပတ်လျှင် ၁၅၀၀ ကီလိုဂရမ်တင်ပို့မည်ဖြစ်ပြီး ရာသီကုန်လာသည်နှင့်အမျှ ထုထည်အားဖြင့် နှစ်ဆ တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။ ထိုဘလူးဘယ်ရီသီးများသည် အီကွေဒေါနိုင်ငံမှ တင်ပို့ သော အဝါရောင် နဂါးမောက်သီး၊ သလဲသီးတို့နှင့်အတူ နိုင်ငံတကာ ဈေးကွက်သို့ စတင်ဝင်ရောက် လာခဲ့သည်။ Nobis Fruit ကုမ္ပဏီသည် ဟောင်ကောင်တ

Pages