“ဒေသထွက်ဂေါ်ဖီထုပ်များ အရောင်းအဝယ်ဖြစ်လျက်ရှိ”

Powered by Drupal

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးနှင့် ရပ်ကွက်တွင်းဈေးများတွင် ဂေါ်ဖီထုပ်များကို ယခုလနိုဝင်ဘာလ (ပထမပတ်) မှ စတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

      ဂေါ်ဖီထုပ်ဈေးနှုန်းမှာ  အကြီးအသေးပေါ်မူတည်၍ တစ်လုံးလျှင် (၁၀၀၀) ကျပ်မှ (၁၅၀၀ -၂၀၀၀) ကျပ်အထိ အရွယ်အစားပေါ်မူတည်၍ ဈေးကွာကြောင်းသိရသည်။ ဂေါ်ဖီထုပ်များကို မြို့ထဲရှိရေခြံစိုက်ပျိုးရေးလုပ်ကိုင်သူများနှင့်အနီးနားရှိစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ရွာများမှ လာရောက်ရောင်းချကြောင်း သိရှိရသည်။    

DOCA(ရှမ်း)