ကုန်သွယ်မှုသတင်းများ
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး၏ အလားလာကောင်းဆုံးအချက်ထဲတွင်ပါဝင်သည့် တရုတ်နိုင်ငံ၏ ပို့ကုန်၊သွင်းကုန်မျှော်မှန်းချက်သည် စက်တင်ဘာလတွင် ခန့်မှန်းထားသည်ထက် ပိုမိုလျော့နည်းခဲ့သည်။ တနင်္လာနေ့တွင်ထုန်ပြန်သော အကောက်ခွန်အချက်အလက်များအရ စက်တင်ဘာလတွင် ပို့ကုန်စုစုပေါင်း၏ ၂.၄ ရာခိုင်နှုန်းရှိပြီး သွင်းကုန် ၀.၃ ရာခိုင်နှုန်းရှိကြောင်းသိရသည်။.
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံ အစုံဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိပြီး အောက်တိုဘာလ စတုတ္ထပတ်တွင် ကန့်ဘလူမြို့ မစည်ပင်သာယာဈေးအတွင်း၌ ရောင်းချနေသော ရုံးပတီသီးများကို ကန့်ဘလူမြို့ပေါ်နှင့် ကန့်ဘလူမြို့ နယ်အတွင်းရှိကျေးရွာများမှ မှာယူ ရောင်းချကြောင်း၊ ရုံးပတီသီး တစ်ပိဿာလျှင် ဖောက်သည် ဈေး(၃၀၀၀/၃၂၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူများထံသို့ ရောင်းချရာတွင် ရုံးပတီသီး ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၃၈၀၀)ကျပ်၊ (၅၀)ကျပ်သ
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီပေါ်ဈေးကောင်းရနေသည့် ပိန်းဥနှင့်ကန်စွန်းဥများကို ရောင်းချလျက်ရှိရာ ပိန်းဥနှင့်ကန်စွန်းဥသည် စက်တင်ဘာလနောက်ဆုံးပတ်တွင် ဈေးကွက်အတွင်း သို့ စတင်ရောင်းချပြီး အောက်တိုဘာလတွင် လှိုင်လှိုင်ထွက်ရှိ၍ ဈေးကောင်းရလျက်ရှိကြောင်း၊ ပိန်းဥကို ဟင်းချိုရည်အဖြစ်လည်းကောင်း၊ သားရေစာအဖြစ်လည်းကောင်း စားသုံးကြပြီး၊ ကန်စွန်းဥကို သားရေစာ၊ ကန်စွန်းယိုနှင့် ပူတင်းအဖြစ်လည်းကောင်း စားသုံးကြကြောင်း သိရှိရပါသည်။
ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ဒေသထွက်ခရမ်းချဉ်သီးများမှာ မရှိတော့သည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းချဉ်သီးများမှာ ရာသီကုန်ဆုံးသောကာလဖြစ်၍ အခြားမြို့များမှ ဝယ်ယူရသည့်အပြင် ရှမ်းပြည်နယ်၊ အောင်ပန်းတွင် မိုးများ ရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေးမှာ အခက်အခဲဖြစ်ကာ သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ခရမ်းချဉ်သီး ဈေးနှုန်းမှာ ပြန်လည်မြင့်တက်လျက်ရှိကြော
