
စင်္ကာပူနိုင်ငံ၏ ရေနံမဟုတ်သော ပြည်တွင်းပို့ကုန်များသည် စက်တင်ဘာလတွင် မှတ်တမ်းတင်ခဲ့သော ၇ ရာခိုင်နှုန်းမှ အရှိန်မြင့်ကာ အောက်တိုဘာလတွင် ယခင်နှစ်အလားတူကာလထက် ၂၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Enterprise Singapore မှ နိုဝင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရှိရပါသည်။
အီလက်ထရွန်းနစ်နှင့် အီလက်ထရွန်းနစ်မဟုတ်သော ပို့ကုန်နှစ်ခုလုံးသည် အသီးသီး ၃၃.၂ ရာခိုင်နှုန်းနှင့် ၁၈.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ခိုင်မာသော စွမ်းဆောင်ရည်ကို အထောက်အကူ ပြုခဲ့ပါသည်။ ရေနံမဟုတ်သည့် ပြန်လည်တင်ပို့သော ကုန်ပစ္စည်းများသည် စက်တင်ဘာလတွင် ၂၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် အောက်တိုဘာလတွင် ယခင်နှစ် အလားတူကာလထက် ၃၀.၁ ရာခိုင်နှုန်း မြင့်တက်ကာ ခိုင်မာသော တိုးတက်မှုကို ပြသခဲ့ပါသည်။ အဆိုပါ တိုးတက်မှုသည် အီလက်ထရွန်းနစ်နှင့် အီလက်ထရွန်းနစ်မဟုတ်သော ပို့ကုန်နှစ်ခုလုံး ပိုမိုတင်ပို့မှုကြောင့် ဖြစ်ပါသည်။
ယေဘုယျအားဖြင့် စုစုပေါင်း ကုန်သွယ်မှုသည် အောက်တိုဘာလတွင် ယခင်နှစ်ကထက် ၂၃.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်လက မြင့်တက်ခဲ့သော ၁၄.၆ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
