ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာတွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။ ရွှေဖရုံသီးကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် အသီးရင့်မှည့်ကာ ခူးဆွတ် နိုင်ပြီဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ(စတုတ္ထပတ်)တွင် ရွှေဖရုံသီးမှည့်တစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၃၀၀၀-၄၀၀၀ ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းသည်များမှ စိုက်ခင်းအထိ

မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိကျေးရွာများမှ မိုးမြေပဲများလှိုင်လှိုင်ထွက်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများသည် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ နေကြာနှင့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဝါသီးနှံကို (၂၃၂၇၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာတွင် နှစ်စဉ် ဖရဲကို စိုက်ပျိုးလျက်ရှိပြီး မိုးရေသောက်စနစ်နှင့် မြေအောက်ရေသွင်းစနစ်ဟူ၍ စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် စိုက်ဧက (၁၀၀) ကျော် စိုက်ပျိုးထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကရင်ကျေးရွာတွင် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံသီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံစိုက်ဧက ၈၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
