ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ ပုထိုးစမ်းကျေးရွာတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့်ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ အောက်တို ဘာလ(ပထမပတ်)တွင် ပဲတီစိမ်းစိုက်တောင်သူ(၅၀)ဦးမှ ဧက(၁၀၀၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ်ကျေးရွာ၌ ဆောင်းသီးနှံကုလားပဲကို တောင်သူ(၆၀)ဦးမှ စိုက်ဧက(၃၀၀)ခန့်အား ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (စတုတ္ထပတ်)တွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ၊ တံခွန်တိုင်ရွာတွင် ဗေဒါရိုးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချကြောင်းသိရပါသည်။ ထိုလုပ်ငန်းကို နွေရာသီမှာလုပ်ကိုင်ပြီး မိုးရာသီတွင်အလုပ်နားကြောင်းသိရပါသည်။ မိုးရာသီတွင် လုပ်ငန်များ နားရခြင်းမှာ နေပူလှမ်း၍မရခြင်း၊ မှိုတက်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ ဗေဒါထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ပုံမှာ ဗေဒါကိုအခြောက်လှမ်းပြီး ဗေဒါအလယ်ရိုးကိုထုတ်ယူ၍ ကြိုးကျစ်ပြီး လိုချင်သော လူအသုံးအဆောင်ပစ္စည်းများကို ပြုလ

ဇရစ်ရိုးပင်များသည် ကျေးရွာများတွင် စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်များ၊ စွတ်စိုသောမြေများတွင် ဇရစ်ရိုးပင်များပေါများစွာပေါက်ရောက်ပါသည်။ ယခုအခါ မိုးဦးကျအချိန် ကာလဖြစ်သော ဇရစ်ရိုးပေါ်ချိန်တွင် ဇရစ်ရိုးပင်များမှ ဇရစ်ရိုးနုများကို မိသားစုဝင်ငွေရရှိရန်အတွက် ခူးယူပြီး ဈေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ဇရစ်ရိုးပင်သည် ဆူးရှိသော အပင်တစ်မျိုး ဖြစ်ပါသည်။ အရိုးထဲနှင့် အရွက်ပါ (၂)မျိုးစလုံးစား၍ရသည့်အပင်ဖြစ်ပါသည်။ မိုးရာသီတွင် ဇရစ်ရိုးပင်များသည် ပေါများစွာပေါက်ရောက

ဂန္ဓမာပန်းတွင် မျိုးကွဲပေါင်းများစွာရှိပြီး ပန်းမျိုးများအား အပွင့်၏ပုံစံ၊ အရောင်၊ အရွယ်အစားပေါ်မူတည်၍ အမည်အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ ဂန္ဓမာပန်းမျိုးကွဲများစွာ အနက်မှ ကြွေဖြူ၊ ကြွေဝါ၊ ပုလဲဖြူမျိုးများကို ပြည်မြို့အတွင်းရှိ မှော်ဇာ၊ တောင်လုံးညိုရွာနှင့် ရွှေတောင်မြို့နယ်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ဂန္ဓမာပန်းများကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ၂၀၂၄ခုနှစ် စက်တင်ဘာလကုန်တွင် ဂန္ဓမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် ၃၅၀၀-၃၀၀၀-၂၀၀၀ကျပ်နှုန်းဖ
