ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုး စုံကို အဓိကထားစိုက်ပျိုး၍ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့် ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။စက်တင်ဘာလနောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၅၀ ကျပ်ဖြစ်ပြီး၊ ဖွဲနု ၆၅ ပေါင်တစ်အိတ်လျှင် ၂၂၇၅၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာတွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။ ရွှေဖရုံသီးကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် အသီးရင့်မှည့်ကာ ခူးဆွတ် နိုင်ပြီဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ(စတုတ္ထပတ်)တွင် ရွှေဖရုံသီးမှည့်တစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၃၀၀၀-၄၀၀၀ ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းသည်များမှ စိုက်ခင်းအထိ

မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိကျေးရွာများမှ မိုးမြေပဲများလှိုင်လှိုင်ထွက်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများသည် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ နေကြာနှင့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဝါသီးနှံကို (၂၃၂၇၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။
