ကုန်သွယ်မှုသတင်းများ
အောက်တိုဘာလ လဆန်းပိုင်းမှစ၍ ရွှေဘိုမြို့တွင် ဆောင်းပုရစ်(ခေါ်)ဥပုရစ် ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ ယခုအောက်တိုဘာလ စတုတ္ထပတ်တွင် ဆောင်းပုရစ် ဥပါ အထီးအမအရော အစိမ်းအကောင် (၁၀၀)လျှင် (၂၂၀၀၀)ကျပ် ပေါက်ဈေးရှိပြီး၊ ဆောင်းပုရစ်အစိမ်း အတောင်ဖြုတ်သန့်စင်ပြီး အကောင်(၁၀၀)လျှင် (၂၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးရှိ ဒေသထွက် စားသောက်ကုန် ရောင်းချသူတစ်ဦးထံမှ သိရသည်။

ပေါင်းတင်းဝါး (ခေါ်) ကောက်ညှင်းကျည်တောက်သည် ဆောင်းရာသီ၏ ရာသီစာအဖြစ် လူအများစားသုံးသောမုန့်ဖြစ်ပါသည်။ ကောက်ညှင်းကျည်တောက်ကို အုန်းသီး(ငချိတ်)၊ငှက်ပျောနှင့် ပဲဟူ၍ အရသာ (၃)မျိုးဖြင့်ပြုလုပ်ပြီး တချို့က နှစ်ပတ်လည်ပြုလုပ်၍ ရောင်းချကြသော်လည်း ဆောင်းရာသီ၏ ရာသီစာကောက်ညှင်းကျည်တောက်ကို နှစ်စဉ် (၉)လပိုင်း လလယ်ပိုင်းမှစ၍ (၄)လပိုင်းထိသာ ပြုလုပ်၍ ရောင်းချကြပါသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့်မြို့များတွင် နှစ်ရှည်သီးပင်စားပင်များ စိုက်ပျိုးထားလျက်ရှိရာ ကွမ်းသီးပင်များလည်းစိုက်ပျိုးထားပါသည်။ ကွမ်းသီးပင်များမှ ကွမ်းသီးများကို ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်များနှင့်မြို့များမှ အဝယ်ဒိုင်ကြီးများက ဝယ်ယူကာ ကွမ်းသီးခြောက်များကို ရန်ကုန်နှင့် မန္တလေးမြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး အခြား ပြည်နယ်နှင့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ၎င်းတို့မှတစ်ဆင့် ပြည်ပနိုင်ငံမျာ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စာတိုက်တဲကြီးကုန်းလမ်းတွင် ဒေသထွက်ကုန်ဖြစ်သော စိမ့်မြေပဲကြော်လုပ်ငန်းသည် ဒေသတွင်းနှင့် အခြားမြို့နယ်၊ ခရိုင်များသို့ ဖြန့်ဖြူးရောင်းချလျှက်ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ SMEs ပြခန်းများတွင်လည်း သွားရောက်ပြသရပြီး ပြည်ပသို့ပါဈေးကွက်ရရှိရန် ထိုးဖောက်လျက်ရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၏ ဒေသထွက်ကုန်ဖြစ်သော ငါးချဉ်လုပ်ငန်းအား ကွမ်းခြံကုန်းကျေးရွာရှိဒေသခံများက တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိပါသည်။ မြန်မာလူမျိုးများးသည် မိမိတို့စားသုံးသည့်ထမင်းဟင်းလျာများတွင် ရာသီစာအဖြစ် ငါးချဉ်ကိုနှစ်သက်စွာ စားသုံးကြပါသည်။လေးမျက်နှာငါးချဉ်သည် ဒေသအတွင်းစားသုံးမှုနှင့် မိမိတို့ ကိုယ်တိုင်စားသုံးရန်အတွက်သာ အဓိကထားထုတ်လုပ်ကြောင်း သိရှိရပါသည်။
