ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာတွင် နှစ်စဉ် ဖရဲကို စိုက်ပျိုးလျက်ရှိပြီး မိုးရေသောက်စနစ်နှင့် မြေအောက်ရေသွင်းစနစ်ဟူ၍ စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် စိုက်ဧက (၁၀၀) ကျော် စိုက်ပျိုးထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကရင်ကျေးရွာတွင် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံသီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံစိုက်ဧက ၈၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်၊ ကျောင်းကုန်း၊ အိမ်မဲ၊ ဒါးကဒေသများတွင် မုန်လာဥဖြူများ လှိုင်လှိုင်ပေါ်ထွက်နေပြီး ယခင်နှစ်ထက်ပို၍ ဈေးကောင်းရရှိကြောင်း သိရပါသည်။ မုန်လာဥများကို စတင်စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ဥများထွက်ပေါ်လာပြီး မုန်လာဥအမျိုးအစားအလိုက် တစ်ဧကလျှင်ပေါင် (၄၅၀၀/၅၀၀၀)ခန့်ထွက်ရှိကြောင်းသိရသည်။

၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ မိတ္ထီလာဒေသထွက်ဖရဲသီးများ ဈေးကွက်ဝင်ရောက်လျက်ရှိကြောင်းနှင့် ကုန်သည်လောကအခေါ် ဒုံးပျံဖရဲသီးအမျိုးအစားဖြစ်ကြောင်း သိရ သည်။ ဖရဲသီးအလုံးရေ (၅၀၀၀/၆၀၀၀) ပါ (၁၂) ဘီးကားတစ်စီးလျှင် (၉)သိန်းကျပ် ကုန်ကျစရိတ် ရှိကြောင်းနှင့် ဖရဲသီးကို ထွက်ရှိရာဒေသများ၌ အခင်းဖြတ်စနစ်ဖြင့် ဝယ်ယူ၍ သယ်ယူပို့ဆောင်ခ လုပ်သားခ အခြားကုန်ကျစရိတ်များ ထပ်ပေါင်းကာ အကြီးအသေး သောင်းပြောင်း ၁၈၀၀ ခန့်ကျသင့်ကြောင်း ဖောက်သည်ဈေးအနေဖြင့် အကြီးအသေး ၄၅၀၀ကျပ်ဖြင့် ဖြန့်ဖြူးကြေ
၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ် ဘာအံမြို့၏ ဈေးကွက်အတွင်း ဆောင်းရာသီကြံရည်ဈေးကွက်မှာလည်း ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ကြံကို ဘားအံမြို့ အနီးတဝိုက် ကျေးရွာများတွင် တစ်နိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ဘားအံမြို့ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော ကြံများမှာ ဘားအံမြို့အနီးရှိကျေးရွာများနှင့် မော်လမြိုင်ဘက်တို့မှ ဖြစ်သည်။