ကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Nov 2024

            မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ် မှတိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

04 Nov 2024

            မြန်မာနိုင်ငံ၏ရာသီဥတုမှာ တစ်နှစ်ထက်တစ်နှစ်ပို၍ပူပြင်းလာသဖြင့် လူအများမှာ အပူဒဏ်ကို နွေရာသီရောက်တိုင်း နှစ်စဉ်လိုလိုခံစားရပါသည်။ ထိုသို့အပူဒဏ်ကို အံတုကာကွယ် နိုင်ရန်အတွက် လူတို့၏ကိုယ်ခန္ဓာတွင် အေး၍ပေါ့ပါးလွတ်လပ်သော အဝတ်အထည်များကိုရွေးခြယ်၍ ဝတ်ဆင်ကြပါသည်။  ထိုသို့ဝတ်ဆင်ကြသဖြင့် ချည်ထည်လုပ်ငန်းရက်လုပ်သော ရက်ကန်းစင်များတိုးတက်လာခဲ့ပါသည်။ ပြည်ခရိုင်အနေဖြင့် ရွှေတောင်မြို့နယ်တွင် မြန်မာရိုးရာစည်းလုပ်ငန်းလုပ်ကိုင်သူ (၆၆)ဦးခန့်ရှိကြောင်း သိရပါသည်။ ယခင်ကရွှေတောင်မြို့နယ်

04 Nov 2024

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်းဈေးကွက်သုံးစွဲရန် တစ်တိုင်းလုံး မြေပဲစိုက်ဧက (၈၅၃၉၄) ဧကစိုက်ပျိုးလျက်ရှိပြီး မြန်အောင်မြို့နယ်သည် မြေပဲအဓိကစိုက်ပျိုးရာ မြို့နယ်တစ်ခု ဖြစ်၍ နှစ်စဉ် စိုက်ဧက (၄၉၆၁၅) ဧကစိုက်ပျိုးလျက်ရှိပါသည်။ ထွက်ရှိလာသောမြေပဲကို မြန်မာ့ရိုးရာမုန့်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများတွင် သုံးစွဲလျက်ရှိသည့်အပြင် မြေပဲကိုကြိတ်ခွဲ၍ မြေပဲဆီအဖြစ်လည်း ရောင်းချလျက်ရှိရာ မြေပဲမှာ အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း ဈေးကွက်မှသိရသည်။

04 Nov 2024

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပီလောပီနံကိုစိုက်ပျိုးကြပြီး ဟင်္သာတမြို့နယ်တွင် ၃၇၅၆ဧက၊ ဇလွန်မြို့နယ်တွင် ၆ဧက၊ လေးမျက်နှာမြို့နယ်တွင် ၅၅၀၉ဧက၊ စုစုပေါင်းစိုက်ဧက ၉၂၇၁ဧကစိုက်ပျိုးထားရှိကြောင်းသိရသည်။

04 Nov 2024

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၏ မြေဩဇာကောင်းမွန်သော သဲမြေ၊ နုန်းမြေပေါ်တွင် ငရုတ်သီးစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်သီးနှံ၌ မပါမဖြစ်သုံးစွဲနေသော ငရုတ်သီးကို ပြည်ပသို့တင်ပို့ရန်နှင့် ပြည်တွင်းသုံးစွဲရန်တို့အတွက် နှစ်စဉ် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ဧက (၁၂၀၀၀) ခန့်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

Pages