ကုန်သွယ်မှုသတင်းများ
ဒေသတွင်းစီးပွားရေးမတည်ငြိမ်မှုများကြားတွင် ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများမြှင့်တင်ရန်ရည်ရွယ်၍ “Stung Bot-Ban Nong Ian” အစီအစဉ်များကို ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) နှင့် ထိုင်းတော်ဝင်အစိုးရ (RTG) တို့က ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြသည်။ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် Anutin Charnvirakul သည် နှစ်နိုင်ငံနီးကပ်သော ပထဝီအနေအထား၊ ယဉ်ကျေးမှုများနှင့် အိမ်နီးချင်းကောင်းများဖြစ်ရေး အစဉ်အလာကောင်းများရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ အဆိုပါ ခိုင်မာသော

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်၏ ပထမ ၉လတာကာလတွင် သီဟိုဠ်စေ့ ၂သန်းကျော်တင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၆၂.၅၃% မြင့်တက်ခဲ့ကြောင်း အထွေထွေ စိုက်ပျိုးရေးဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ ထိုသို့မြင့်တက်လာခြင်းသည် လတ်ဆတ်သော သီဟိုဠ်စေ့အတွက် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်မှ ဝယ်လိုအား အားကောင်းလာမှုကို ညွှန်ပြနေကြောင်းသိရပါသည်။ သို့သော် သီဟိုဠ်စေ့ခြောက်တင်ပို့မှုမှာ တန်ချိန်၈၆၀၀၀၀ဖြင့် ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၂.၅၄% ကျဆင်းခဲ့ကြောင်းသိရပါသည်။ လတ်တလောတွင် ကမ္ဘောဒီးယားတွင် သီဟိုဠ်စ

ဆွီဒင်နိုင်ငံတွင် အရည်အသွေး မပြည့်မီသဖြင့် အာဏာပိုင်များက သိမ်းဆည်းရမိထားသော ဆန်စာရင်းတွင် ဗီယက်နမ်ဆန်အမည်အား ဖော်ပြထားခြင်းမရှိကြောင်း ယင်းနိုင်ငံရှိ ဗီယက်နမ် ကုန်သွယ်မှုရုံး၏ ပြောကြားချက်အရ သိရသည်။
အင်ဒိုနီးရှားအစိုးရသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် လူဦးရေ တိုးပွားလာမှုတို့ကြားတွင် နိုင်ငံ၏ စားနပ်ရိက္ခာ လုံလောက်မှု ခိုင်မာတောင့်တင်းစေရန် စပါးဧရိယာ ဟက်တာ ၃ သန်း အသစ်တိုးချဲ့ စိုက်ပျိုးရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း သိရပါသည်။
ယခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယား၏ ဥရောပသမဂ္ဂ (EU) သို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၂၉ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၀% နီးပါးမြင့်တက်ခဲ့ကာ ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၇၄၃သန်းတန်ဖိုးရှိခဲ့ပြီး ၁.၆% ကျဆင်းခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ စပိန်နှင့် ဂျာမနီသည် EV တွင် ကမ္ဘောဒီးယား၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၈၂၂သန်းနှင့် အမေရိကန်ဒေါ်လာ ၇၈၄သန်း အသီးသီးရှိ
