ကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Nov 2024

    အင်ဒိုနီးရှားနိုင်ငံသမ္မတ Prabowo Subianto သည် ကိုယ်ပိုင်စွမ်းအားဖြင့် စားနပ်ရိက္ခာဖူလုံရေးကို ရှေ့လာမည့် ၄ နှစ်အတွင်း အမှန်တကယ်အကောင်အထည်ပေါ်အောင် စိုက်ပျိုးရေး ဝန်ကြီးဌာနက ဆောင်ရွက်ရာ၌ နောက်ကွယ်မှ စည်းလုံးညီညွတ်စွာဖြင့် ပါဝင်လုပ်ဆောင်ရန် Red and White Cabinet ခေါ် အနီအဖြူကြား အစိုးရအဖွဲ့ရှိ ဝန်ကြီးများအား ညွှန်ကြားထားကြောင်း Antara News သတင်းဌာနက ဖော်ပြခဲ့သည်။

04 Nov 2024

      ဘရာဇီးနိုင်ငံ၏ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုသည် ယခင်နှစ်သီးနှံရာသီကာလထက် ၆ ရာခိုင် နှုန်း တိုးတက်လျက် ၂၀၂၄-၂၅ သီးနှံရာသီနှစ်တွင် တန်ချိန် ၁၆၁ သန်းအထိ စံချိန်တင်ရောက်ရှိနိုင် ကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) လက်အောက်ရှိ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှု ဌာန (FAS) က နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတစ်စောင်၌ ဖော်ပြခဲ့သည်။

04 Nov 2024

               မြန်မာလူမျိုးတို့သည် မြန်မာရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြပါသည်။မနက်ခင်းတစ်ကြိမ်၊ ညနေခင်းတစ်ခါ အဆာပြေစားလေ့ရှိရာ မြန်မာရိုးရာဘိန်းမုန့်ကိုလည်း ရေနွေးကြမ်း လက်ဖက်ရည်၊ ကော်ဖီတို့ဖြင့် တွဲဖက်စားသုံးကြပါသည်။

04 Nov 2024

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သည်ရေမြေသဘာဝအရ တောင်ကျချောင်းကြီး(၃)ခု စီးဆင်းလျက်ရှိပြီး စိုက်ပျိုးရေးကို အဓိကထားပြီး အသက်မွေးဝမ်းကြောင်း လုပ်ကိုင်၍ အဆင်ပြေလျက်ရှိပါသည်။ စပါး၊ မတ်ပဲတို့ကိုအဓိက စိုက်ပျိုးထားရှိသည့်အပြင် ဂေါ်ဖီ၊ ငရုတ်၊ သခွားကဲ့သို့ ရာသီပေါ်သီးနှံများလည်း စိုက်ပျိုးထွက်ရှိပါသည်။

04 Nov 2024

           ပဲခူးတိုင်းဒေသကြီး(အနောက်)၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ ကျေးရွာများတွင် နှစ်စဉ်နှစ်တိုင်း တောင်သူများမိုးဦးသီးနှံများစိုက်ပျိုးပြီး ကုန်စိမ်းဒိုင်များမှတဆင့် ရန်ကုန်မြို့၊ တညင်းကုန်းဈေးကြီးသို့ ကုန်စိမ်းကားများဖြင့်နေ့စဉ် တင်ပို့ရောင်းချလျက်ရှိပါသည်။

Pages