ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့မဈေးကြီးအတွင်းရောင်းချနေသော ကြက်ဥ၊ ဘဲဥလက်လီဈေးနှုန်းများမှာ အောက်တိုဘာလတတိယပတ်တွင် ကြက်ဥကြီးတစ်လုံးလျှင် ၄၀၀ကျပ်၊ ကြက်ကလတ်တစ်လုံးလျှင် ၃၇၀ကျပ်၊ ကြက်ဥသေးတစ်လုံးလျင် ၃၂၀ ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ အောက်တိုဘာလတတိယပတ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ၇၅၀၀ ကျပ် (၂၄) ပြည်ပါ တစ် အိတ်လျှင် ၁၈၀၀၀၀ ကျပ် ထိုင်းနှံကောက်ဆန်တစ်ပြည်လျှင် ၃၂၀၀ ကျပ် (၂၄) ပြည်ပါတစ်အိတ်လျှင် ၇၇၀၀၀ ကျပ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ငါးဖောင်ရိုးငါးသည် နှုတ်သီးချွန်ချွန်၊ အရောင်ကြည်ကြည်နဲ့ ပိန်သွယ်သွယ်ငါးမျိုးဖြစ်သော်လည်း အသားမှာတော့ မာမာလေးဖြစ်ပါသည်။ ငါးဖောင်ရိုးဟုခေါ်သော်လည်း ထိုငါးမှာ အလယ်ရိုးတစ်ရိုးသာပါသောကြောင့် အရိုးများတဲ့ငါးကိုကြောက်တတ်ကြတဲ့ စားသုံးသူတွေေအတွက် စားသုံးဖို့သင့်တော်သောငါးမျိုးလည်း ဖြစ်ပါသည်။ ငါးဖောင်ရိုးငါးမှာ နှုတ်သီးချွန်ချွန်၊ အရောင်ကြည်ကြည်လေးနှင့် ပိန်သွယ်သွယ်ငါးတစ်မျိုးဖြစ်သော်လည်း ငါးအသားမှာတော့ မာဆတ်ဆတ်လေးဖြစ်နေပါသည်။ သူ့ခန္ဓာကိုယ်သည် ငွေမှင်ရောင်နှင့် အစိမ်းရ

ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသည့် တိရိစ္ဆာန်အစားအစာများဖြစ်သော ပဲဖတ်၊ နှမ်းဖတ်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများမှာ ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ယခုအပတ်ဖြစ်သော အောက်တိုဘာလ တတိယပတ်တွင် ပဲဖတ်တစ်ပိဿာလျှင် (၅၇၅၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၃၈၀၀)ကျပ်၊ ဆန်ကွဲကြီး(EX) တစ်အိတ်လျှင် (၆၂၀၀၀)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၅၃၀၀၀)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၂၇၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင်နှစ်ဖြစ်သော အောက်တိုဘာလအတွင်းတွင် ရေ

ပြည်ကုန်စည်ဒိုင်သည် သွားလာရေးအချက်အခြာကျသော ပြည်မြို့တွင်ရှိသောကြောင့် ပဲမျိုးစုံအရောင်းအဝယ် သွက်လျက်ရှိပါသည်။
