ကုန်သွယ်မှုသတင်းများ

Powered by Drupal
30 Oct 2024

 

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သည် ဆန်စပါး၊ နှမ်းနှင့် ပဲမျိုးစုံတို့အပြင် စားဖိုဆောင်သီးနှံဖြစ်သည့် ဟင်းသီးဟင်းရွက်များလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စလင်း မြို့နယ်၊  ငလင်ပန်းကျေးရွာတွင် ပဲတောင့်ရှည်သီးနှံကို  စိုက်ဧက ၁၀ ဧကခန့် စိုက်ပျိုးထား ကြောင်း သိရသည်။

30 Oct 2024

           ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ဝဥစိုက်ပျိုးသူများမှ ဝဥများတူးဖော်ရောင်းချနေပြီဖြစ်ကြောင်း သိရပါသည်။ ဝဥများအား သီးသန့်စိုက်ပျိုးသူနည်းပါးပြီး  အများအားဖြင့် ကျေးရွာအတော်များများတွင် သစ်ရိပ်များ၊ ခြံစည်းရိုးများတွင် စိုက်ပျိုးထားကြောင်းသိရပါသည်။

30 Oct 2024

        ယခုလိုမိုးနှောင်းကာလတွင် ခြံစိုက်တောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ဒေသထွက် ဩဇာသီးများသည် ဓာတုဆေးဝါးသုံးစွဲခြင်းမရှိ၊ သဘာ ဝရင့်မှည့်သည့်အတိုင်း ရောင်းချသည့်အတွက် ဈေးကွက်အတွင်းဈေးကောင်းရရှိနေကြောင်း သိရပါသည်။ သဲကုန်းမြို့နယ်တွင် ဩဇာသီးကိုအခြားစိုက်ပျိုးပင်များသို့ ဧကလိုက်စိုက်ပျိုးမှုမရှိဘဲ ခြံတိုင်း၊ အိမ်တိုင်းလိုလို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ယခုအောက်တိုဘာလဒုတိယပတ် ဩဇာသီးလက်ကျန်နည်းသည့်အချိန်တွင် ဈေးကွက်အတွင်းဩဇာသီးအ

30 Oct 2024

             ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ မှော်ဇာအုပ်စုတွင် ကျေးရွာခွဲ (၁၅)ရွာရှိပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သည့် ကျေးရွာ (၅)ရွာရှိရာ ရာသီအလိုက် ဟင်းသီးဟင်းရွက်များအပြင် မုန်လာဥ၊ ကြက်သွန်နီ၊ သခွားသီး၊ နှင့်ပြောင်းဖူးများကိုလည်း စိုက်ပျိုးကြောင်းသိရှိရပါသည်။ စိုက်ပျိုးထွက်ရှိသည့် ရာသီအလိုက်ဟင်းသီးဟင်းရွက်များကို မှော်ဇာအုပ်စုရှိ ဟင်းသီးဟင်းရွက်အဝယ်ဒိုင်များသို့ သွားရောက်ရောင်းချကြပါသည်။ ဟင်းသီးဟင်းရွက်အဝယ်ဒိုင်များမှာ ဟင်းသီး/ ဟင်းရွက် စိုက်ပျိုးသောတောင်သူမျာ

30 Oct 2024

            ပြည်မြို့ရှိကုန်စိမ်းဈေးကွက်တွင် ယခုအပတ်၌ ရှမ်းပြည်ဘက်မှဝင်ရောက်လာသော ခရမ်းချဉ်သီးများ ဈေးနှုန်းပြန်လည်မြင့်တက်လာခဲ့ပါသည်။ ခရမ်းချဉ်သီးစိုက်ပျိုးထွက်ရှိသည့် ရှမ်းပြည်ဒေသတော်တော်များများတွင် မိုးရေများနစ်မြုပ်မှုများကြောင့် ဈေးပြန်လည်မြင့်တက်လာကြောင်း သိရပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၈၀၀-၃၂၀၀)ကျပ် ဖြစ်၍ ယခုအပတ်ဖြစ်သော အောက်တိုဘာလတတိယပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၄၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

Pages