
မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လ အတွင်း အမေရိကန်ဒေါ်လာ ၂၄၄.၁ သန်း တန်ဖိုးရှိ cashmere ကုန်ချော၂၉၇၆ တန်ကို တင်ပို့ခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံး NSO ၏ နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရှိရပါသည်။
အဆိုပါ ကိန်းဂဏန်းသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ရုပ်ပိုင်းဆိုင်ရာ ပမာဏ အားဖြင့် ၄.၆ ဆ တိုးလာကြောင်း အချက်အလက်များအရ သိရှိရပါသည်။ မွန်းဂိုလီးယား သမ္မတ Ukhnaa Khurelsukh က မွန်ဂိုလီးယားအစိုးရမှ အကောင်တည်ဖော်သော White Gold အမျိုးသားလှုပ်ရှားမှုအောက်တွင် နိုင်ငံအတွင်းရှိ cashmere ပြုပြင်ထုတ်လုပ်ရေးစက်ရုံများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် စုစုပေါင်း တူဂရစ် ၁၉၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၇.၅ သန်း) ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပါသည်။
၂၀၂၈ ခုနှစ်တွင် ပြည်တွင်းဈေးကွက်၌ cashmere ကုန်ကြမ်း ကို ၁၀၀ ရာခိုင်နှုန်း အထိနှင့် ကုန်ချော ထုတ်လုပ်မှုကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြင့်ရန် စီစဉ်ထားပါသည်။ မွန်ဂိုလီးယားစာနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် စက်မှုဝန်ကြီး၏ အဆိုအရ နိုင်ငံ၏ cashmere တင်ပို့မှုမှ ရငွေသည် ဒေါ်လာ သန်း ၇၀၀ အထိ ရောက်ရှိရန် ခန့်မှန်းထားပါသည်။
လက်ရှိတွင် မွန်ဂိုလီးယား၌ cashmere ကုန်ချောတန်ချိန် ၁၁၉၀၀၀ ကို ထုတ်လုပ်နိုင်သည့် စက်များဖြင့် လုပ်ငန်း ၅၀ ခန့် လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
