ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့၊ နံနက် (၀၇း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ဘုတ်ချောင်းရပ်ရှိပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များရောင်းချပေးခဲ့ပြီး အခြေခံစားသောက်ကုန်များရောင်းချရာတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ဆား၊ ချဉ်ပေါင်ရွက်၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးတို့ပါဝင်ကြောင်းသိရှိရပါသ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အလှူ၊ မင်္ဂလာဆောင်ကာလများဖြစ်သောကြောင့် ဟင်သီးဟင်းရွက်များ၊ သစ်သီးများ ရောင်းအားကောင်းလျက်ရှိရာ စပါးလင်ပင်များလည်းရောင်းအားကောင်းလျက်ရှိပါသည်။ စပါးလင်ပင်များကို ထားဝယ်မြို့၊ ပတ်ဝန်းကျင်ရှိကျေးရွာများမှ ဟင်သီးဟင်းရွက်ရောင်းသော ဈေးသည်များက ထားဝယ်မြို့စည်ပင်သာယာဈေးကြီးနှင့် ရက်ကွက်ဈေးငယ်များတွင် လာရောက်ရောင်းချကြပါသည်။

ဖျာပုံမြို့နယ်တွင် အုန်းသီးဈေးကွက် (၇၀၀၀) ကျော်ရှိပါသည်။ အုန်းသီးကို မြန်မာ့ရိုးရာမုန့်များတွင် တွဲဖက်စားသုံးကြပါသည်။ မြန်မာမုန့်များအတွက် မရှိမဖြစ်လိုအပ်သော တွဲဖက်အစားအစာလည်းဖြစ်ပါသည်။ထို့ပြင် အုန်းသီးကို အရည်သောက်အနေဖြင့်လည်းသောက်သုံးခြင်း၊ အသားနုစားသောက်ခြင်းများကိုလည်း ကမ်းခြေဒေသများအပြင် မြို့ပြများတွင်ပါ ဝယ်ယူစားသုံးလာကြပါသည်။ အုန်းသီးကို တိုင်းရင်းသားဒေသများ၊ မြန်မာပြည်အလယ်ပိုင်းဒေသများရှိ ပြည်သူများလည်းသုံးစွဲကြပါသည်။ မြန်မာပြည်အ့ မိရိုးဖလာအသုံးပြုမှုအတွက်ကြ

မန္တလေးတိုင်းဒေသကြီးအတွင်းမှာဆိုလျှင် မြင်းခြံခရိုင်၏ နွေကြက်သွန်နီသည် ပထမတန်းစားကြက်သွန်နီဟုဆိုနိုင်ပြီး ပုံသဏ္ဍာန်အားဖြင့် လုံးဝိုင်း၍ အနီရင့်ရောင်ရှိပြီး၊ အခွံပါးကာ အရည်အသွေးကောင်းသောကြောင့် အထားအသိုမှာလည်း(၆)လမှ(၈)လထိ သိုလှောင်ထားရှိနိုင်ပါသည်။
၂၀၂၄ခုနှစ်၏ ပထမ ၉လတွင် ကမ္ဘောဒီးယားသို့ စံချိန်တင် ပြည်ပခရီးသွား ၄.၈ သန်းလာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၂% မြင့်တက်လာကြောင်း ခရီးသွားဝန်ကြီးဌာနက ၂၃-၁၀-၂၀၂၄ ရက်နေ့၏ ထုတ်ပြန်ချက်အရသိရပါသည်။ ထိုအရေအတွက်သည် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ပထမ ၉လတာအရေအတွက်၏ ၉၉.၇% ကိုရောက်ရှိခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် ယခုနှစ်ပထမ ၉လတွင် ကမ္ဘောဒီးယားသို့ ပြည်ပခရီးသွားအများဆုံး လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေပြီး ၎င်းတို့နောက်တွင် ဗီယက်နမ်၊
