ကုန်သွယ်မှုသတင်းများ

Powered by Drupal
30 Oct 2024

           ပြည်ဈေးကွက်တွင် ၂၀၂၄ခုနှစ်၊ မေလတွင်ရောင်းချခဲ့သော ဘိလပ်မြေဈေးများမှာ ကြံ့နီ တစ်အိတ်လျှင် ၁၇၀၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၄၀၀၀ကျပ်၊ အပါချီတစ်အိတ်လျှင် ၁၄၅၀၀ ကျပ်ဖြင့် ဈေးများမြင့်တက်လာခဲ့ရာမှ ယခုအပတ်ဖြစ်သော အောက်တိုဘာလတတိယပတ်တွင် ဘိလပ်မြေဈေးများအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ ဈေးနှုန်းများအနေဖြင့် ကြံ့နီတစ်အိတ်လျှင် ၁၁၀၀၀ကျပ်၊ Alpha တစ်အိတ်လျှင် ၁၀၈၀၀ကျပ်၊ အပါချီတစ်အိတ်လျှင် ၁၀၀၀၀ကျပ်ဖြင့် ရောင်းချလျှက်ရှိသဖြင့် ဆောက်လုပ်ရေးရာသီမဟုတ်ခြင်းဖြစ်သည့်အတွက် ဈေးနှုန်းများကျဆင်း

29 Oct 2024

             တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု မင်းလမ်းရွာရှိ ‘အောင်’ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့ ကျောက်ဆည်မှဘိလမ်မြေများ အဝင်အများဆုံးဖြစ်သည့် ကြံ့နှစ်ကောင်(အနီ)၊ Apache, Max သုံးမျိုးရောင်းချလျက်ရှိရာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က ကြံ့နှစ်ကောင်  (အနီ) ၁၁၀၀၀ ကျပ်၊ Apache ၁၀၈၀၀ ကျပ်၊ Max ၁၀၇၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။

29 Oct 2024

       တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခင်စက်တင်ဘာလက မတ်ပဲ(ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၉၂၀၀၀ ကျပ်ရှိရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် တစ်အိတ်လျှင် ၁၅၉၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၃၃၀၀၀ ကျပ် ဈေးနှုန်းကျဆင်းပါသည်။

           ပဲတီစိမ်းမှာ ယခင်လက (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၂၀၀၀၀ ကျပ် ဈေးတက်ပါသည်။

29 Oct 2024

             မိုးရာသီတွင် လှိုင်လှိုင်ပေါသော ကျွဲကောသီးလေးများသည် အချဉ်ဓါတ်အက်ဆစ်ပါရှိသော သစ်သီးမျိုးနွယ်ဝင်ဖြစ်ပါသည်။ ကျွဲကောသီးထဲတွင် ဘီတာမင်စီအမြောက်အများပါသော ကြောင့် သွေးလွှတ်ကြောများ ဆန့်ခြင်း၊ ကျုံ့ခြင်းများကို လုပ်ဆောင်ပေးနိုင်ပါသည်။

29 Oct 2024

          တောင်ငူမြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များရှိဆိုင်များအပြင် ကျေးရွာများရှိ ကုန်စုံဆိုင်များတွင်လည်း စားသုံးသူပြည်သူများအနေဖြင့် ဟင်းတစ်မယ်အဖြစ် အလွယ်တကူကြော်၍ လည်းကောင်း၊ ပြုတ်၍လည်းကောင်း၊ ချက်၍လည်းကောင်း သုံးစွဲနိုင်သည့် ကြက်ဥနှင့်ဘဲဥများ ရောင်းချလျက်ရှိပါသည်။ ကြက်ဥ၊ ဘဲဥများကို တောင်ငူမြို့နယ်အတွင်းရှိ မွေးမြူရေးခြံများမှ ရရှိသည့်အပြင် အခြားဒေသများမှလည်း တင်ပို့ရောင်းချလျက်ရှိပါသည်။

Pages