ကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Oct 2024

          တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရောင်းကုန်တစ်ခုဖြစ်သော ရွှေပန်း၊ ငွေပန်းများသည် ယခုအခါ လှိုင်လှိုင်ပွင့်ဝေ၍ ဈေးကွက်အတွင်း  ရာသီပန်းများအဖြစ်ရောင်းချလျက်ရှိပါသည်။ ရပ်ကွက်အတွင်း အချို့အိမ်များတွင် အလှစိုက်၍သော်လည်းကောင်း၊ တပိုင်တနိုင်စိုက်ပျိုးပြီး အပွင့်များရောင်းချ၍သော်လည်းကောင်း စိုက်ပျိုးကြပါသည်။

29 Oct 2024

            တောင်ငူမြို့တွင် ကြက်သွန်နီမှာ ယခင်စက်တင်ဘာလနောက်ဆုံးပတ်က တစ်ပိဿာ လျှင် အသေး၂၀၀၀ ကျပ်၊ အလတ် ၂၃၀၀ ကျပ်၊ အကြီး ၂၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာ လျှင် အသေး ၂၃၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်ပါသည်။

            ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၁၀၀၀၀ ကျပ်၊ အလတ် ၁၂၀၀၀ ကျပ်၊ အကြီး ၁၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

29 Oct 2024

     အုန်းပင်သည် အမျိုးအစားအနေဖြင့် ဒေသအလိုက် အမျိုးမျိုးရှိသော်လည်း အခြေခံအားဖြင့် သုံးမျိုးသာရှိကြောင်း သိရှိရပါသည်။ ယင်းတို့မှာ ပင်မြင့်မျိုး၊ ပင်ပုမျိုးနှင့်စပ်မျိူးတို့ဖြစ်ကြသည်။ အပင်ပေါ်ရှိ အုန်းသီးကခြောက်သွေ့သောရာသီတွင် ရင့်မှည့်မှုမြန်ဆန်ပြီး၊ စိုစွတ်သောမိုးရာသီတွင် ရင့်မှည့်မှုကြာတက်ပါသည်။ အုန်းသီးသည်ယေဘုယျအားဖြင့် ခြောက်နှစ်ခုနစ်နှစ်ခန့်တွင် အသီးစ၍  အခိုင်လိုက်သီးပြီး အုန်းသီးတစ်ခိုင်တွင် အသီးပေါင်း (၁၀) လုံးမှ(၂၀)လုံးခန့်အထိသီးနိုင်သည်။ များသောအားဖြင့် တစ်နှစ်ပတ်

29 Oct 2024

              တောင်ငူမြို့တွင် အာလူးမှာ ယခင်လက တစ်ပိဿာလျှင် အသေး ၃၀၀၀ ကျပ်၊ အလတ် ၃၅၀၀ ကျပ်နှင့် အကြီး ၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်နှင့် အကြီး ၇၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ ကျပ် ဈေးတက်ပါသည်။

              မြေပဲဆံ(အဖြူ/အနီ)မှာ ယခင်လက တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ် တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၈၅၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းပါသည်။     

29 Oct 2024

             ဖြူးမြို့အနောက်ဘက်၊ ပဲခူးရိုးမတောင်ယာတောများတွင် စိုက်ပျိုးသောသီးမွှေးငှက်ပျောသီးများမှာ ဖြူးမြို့စည်ပင်သာယာဈေးတွင် ဈေးကွက်ဖြစ်ထွန်းလျက်ရှိပါသည်။ ဖြူးဒေသထွက် သီးမွှေးငှက်ပျောသီးမှာ အရသာကောင်းမွန်သောကြောင့် ဒေသတွင်းသာမက အခြားမြို့ရွာများတိုင် နာမည်ကျော်လျက်ရှိပါသည်။

Pages