ကုန်သွယ်မှုသတင်းများ
ယခု၂၀၂၄ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း အာလူးသီးနှံကုန်စည်ဝင်ရောက်မှုပါးသဖြင့် ဈေးကွက်လိုအပ်ချက်မြင့်မားခဲ့ပါသည်။ အာလူးကြော်ဈေးကွက်အကြိုက်မာကစ် S1 S2 နှင့် မျက်နီ S1 S2 ဆိုဒ်များအဝင်အလွန်နည်းပါးခဲ့ပြီး ဈေးကွက်အတွင်းရှိအကြော်သီးဆိုဒ်များလည်ပုံမှန် ဝယ်လက်များပင် ပြည့်မှီအောင်မရောင်းနိုင်ဖြစ်နေသဖြင့် ဈေးကွက်ပျောက်သည့်သဘောဖြစ်နေပါသည်။ အသေးနှင့်အလတ်ဆိုဒ်များဖြစ်သည့် OK ၅၈၀၀၊ A1 ဆိုဒ် ၄၅၀၀မှ၅၀၀၀ခန့် A1ဆွဲ

ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (The Cambodia Chamber Of Commerce) (CCC) သည် မြို့တော်ရှိကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာ စီးပွားရေးအသင်းအဖွဲ့များအား ၎င်းတို့၏ပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် ထိရောက်သော ဖြေရှင်းနည်းများရှာဖွေရန်အဆိုပြုချက်များကို CCC သို့တင်ပြရန် တောင်းဆိုထားသည်။ ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်းသည် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုပြီး တော်ဝင်အစိုးရနှင့် လက်တွဲလုပ်ဆောင်ရမည်ဟု ကမ္ဘောဒီးယားနိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ

ဂျပန်နိုင်ငံ၏ ရိတ်သိမ်းပြီးခါစ စပါးဈေးနှုန်းသည် ယခင်နှစ်ထက် ၄၈% မြင့်တက်ခဲ့ပြီး ၃၁နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း ဂျပန်နိုင်ငံ၏ လယ်ယာဝန်ကြီးဌာန၏ သောကြာနေ့တွင်ထုတ်ပြန်သော အချက်အလက်များအရသိရသည်။ အမျိုးသားလယ်ယာသမဝါယမအသင်းချုပ်နှင့် အခြားလက်ကားရောင်းချသူများထံရောင်းချသော ပျမ်းမျှဈေးမှာ ၆၀ကီလိုဂရမ်လျှင် ယန်း၂၂၇၀၀ (၁၅၁ဒေါ်လာ) ရှိကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက စက်တင်ဘာလတွင် သတင်းထုတ်ပြန်ခဲ့သည်။ နှစ်စဉ်ရိတ်သိမ်းထားသော စပါးများအား စက

မိတ္ထီလာဈေးကွက်တွင် အောက်တိုဘာလ တတိယပတ်၌ ကြက်သွန်နီမှာ ဒေသတွင်းလက်ကျန် နည်းလာသည့်အတွက် ဈေးမြင့်လာကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်၌ အောက်တိုဘာလလယ်ထိ လက်ကားဈေးတစ်ပိဿာလျှင်(၂၀၀၀-၂၁၀၀)ကျပ်ရှိခဲ့ရာမှ ယခုရက်ပိုင်း (၂၅၀၀-၃၀၀၀)ကျပ် ကြားရှိ သဖြင့် နယ်တင်ပို့မှာလည်း နည်းလာကြောင်း သိရသည်။ နယ်ဝယ်လက်အနေနှင့် ပြည်တွင်းစားသုံးရန် ပဲခူး၊ ရန်ကုန်၊ တာချီလိတ်သို့လည်းကောင်း၊ ပြည်ပဝယ်လက်များဖြစ်သည့် ရန်ကုန်၊ တာချီလိတ်၊ မော်လမြိုင်မြို့များသို့ တင်ပို့ရာ ယခုရက်ပိုင်းဝယ်ရင်းဈေးမြင့်လာခြင်း
ယခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယား-တရုတ်ကြားကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၁.၁၄ ဘီလီယံထိရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် (၂၀၂၃) ၏ တူညီသည့်ကာလထက် ၂၂.၅% မြင့်တက်ခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ ထို ၉လတာကာလတွင် ကမ္ဘောဒီးယားသည် တရုတ်သို့ အမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉.၈၆ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများပြန်လည်တင်သွင်းခဲ့ကြောင်းသိရပါသည်။ တရုတ်သို့ အဓိကတင်ပို့သည့် ကုန
