ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံ၍ စီးပွားဖြစ်လုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံမျိုးစုံကို သီးသန့်သီးညှပ်အပြင် သီးထပ်အဖြစ်လည်းစိုက်ပျိုးကြောင်း၊ ပဲမျိုးစုံစိုက်ပျိုးမှုမှ ပြည်တွင်းဈေးကွက်ဝင် ပြည်ပပို့ကုန်ပဲတစ်မျိုးဖြစ်သည့် ပဲစဉ်းငုံသီးနှံကိုလည်း ရေမြေရာသီဥတုနှင့် ကိုက်ညီ၍ စိုက်ဧကများစွာစိုက်ပျိုးကြောင်း၊ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် စိုက်ဧက (၇၀၀၀)ခန့် စိုက်ပျိုးပြီး ယခုနှစ်တွင် သီးနှံပေါ်ချိန်မှ ကုန်ဆုံးချိန်အထိ ဒေသတွင်းအရောင်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ငွေလေး၊ ကွင်း၊ ဖန်ခါးပင်၊ စစ်တလင်း စသည့်ကျေးရွာများတွင် ပဲတီစိမ်းသီးနှံ စိုက်ဧက ၂၅၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာတွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ရွှေဖရုံသီး စိုက်ဧက ၆ ဧက ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၊ ခလော့ခနိုင်းကျေးရွာရှိ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြရာ ဥယျာဉ်ခြံများနှင့် နေအိမ်ခြံဝန်းများတွင် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင် အောက်တိုဘာလ တတိယအပတ်မှစ၍ ရော်ဘာခြံရှင်များအနေဖြင့် ရော်ဘာအစေးလှီးခြင်းကိုစတင်နေပြီဖြစ်ပါသည်။ ရောင်ဝယ်မှုအနေဖြင့် ပြည်နယ်တွင်းဝယ်ယူ လျက်ရှိသော လုပ်ငန်းရှင်များ၊ အဝယ်ဒိုင်များ၊ ကုမ္ပဏီများမှစုစည်း၍ ရန်ကုန်/ မန္တလေးရှိ ၎င်းတို့၏ကုမ္ပဏီကြီးများသို့တင်ပို့ပြီး ကုမ္ပဏီကြီးများမှတစ်ဆင့် ပြည်ပသို့တင်ပို့ရောင်းချကြောင်း သိရသည်။
