ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

Powered by Drupal

        ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၂) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ တောင်သာ၊ မုံရွာ၊ ပခုက္ကူဒေသတို့မှ ကြက်သွန်နီ (၇၅၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါ သည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၀၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်း အရသိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၉၀၀၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၅၅၀၊ မုံရွာ ကြက်သွန်နီ(အသစ်)အချော တစ်ပိဿာ ကျပ် ၅၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၅၀ ၊ အကြီး မှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၇၀၀၊ တောင်သာ ကြက်သွန် နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၄၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၀၀၊ အကြီးမှာ ကျပ် ၁၀၅၀၊ ရှယ်မှာ ကျပ် ၁၃၅၀၊ ပခုက္ကူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၅၀ ၊ အကြီး မှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀  ဈေးတို့အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ၁၂.၁၁.၂၀၂၅ ရက်နေ့တွင်  ဆိပ်ဖြူ၊ မုံရွာ၊ ပခုက္ကူ၊ တောင်သာကြက်သွန်နီဈေးနှုန်းများမှာ ၁၀.၁၁.၂၀၂၅ ရက်နေ့ကအတိုင်း ဈေးတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)