ကုန်သွယ်မှုသတင်းများ
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ယခုသီတင်းပတ်တွင် ဖိလစ်ပိုင်အလယ်ပိုင်းသို့ ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ၂၀၄ ဦး သေဆုံးကာ ၁၀၉ ဦး ပျောက်ဆုံးခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဒဏ်ခံရသူ များအတွက် အမေရိကန်ဒေါ်လာ သုံးသန်းအထိ ထောက်ပံ့မည်ဟု ကတိပြုထားသည်။
၁၅ ကြိမ်မြောက် အမျိုးသားလွှတ်တော် (NA) မှ နို၀င်ဘာလ ၁၃ ရက်နေ့တွင် ဗီယက်နမ် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ၂၀၂၆ ဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တိုးတက်မှုနှုန်း ၁၀% နှင့်အထက် အပါအဝင် အဓိကပစ်မှတ် ၁၅ ခုကို ချမှတ်ခဲ့သည်။
လွန်ခဲ့သည့် ၁၀ လအတွင်း ပို့ကုန်ဝင်ငွေ ၁၆.၂% တိုးလာသဖြင့် ဗီယက်နမ်၏ ပို့ကုန် တန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် ခိုင်မာသော အပြီးသတ်နိုင်ရေးအတွက် လမ်းကြောင်းပေါ်တွင် ရှိနေ သည်၊၊ မျှော်မှန်းထားသည်ထက် ကျော်လွန်နိုင်ဖွယ်ရှိပြီး ကနဦးနှစ်စဉ် ရည်မှန်းထားသည့် ၁၂% ကိုကျော်လွန်သွားပါသည်။
အဋ္ဌမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (China Interna-tional Import Expo- CIIE) ကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့ရှိ (National Exhibition and Convention Center- NECC) ၌ ကျင်းပလျက် ရှိပြီး ယနေ့နံနက်ပိုင်းတွင် ဖွင့်ပွဲ ကျင်းပသည်။


