
ပါကစ္စတန်အစိုးရသည် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများမြှင့်တင်ရေး၊ နိုင်ငံအတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီး ချုပ် ရှာဗတ်ရှာရစ်က နိုဝင်ဘာ ၁၁ ရက်တွင် ပြောသည်။
ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို လေ့လာခြင်းဖြင့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၏ အုတ်မြစ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု ၎င်းက ပြောသည်။
ပါကစ္စတန်အနေဖြင့် အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေပိုင်ဆိုင်မှုကို ထိန်းသိမ်းစောင့်ရှောက် မည်ဖြစ်ကြောင်း ရှာဗတ်ရှာရစ်က ပြောသည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်း ၎င်းကပြောသည်။ အာဖဂန်နစ္စတန် နိုင်ငံ အတွင်း လုံခြုံမှုရှိစေရေးဆောင်ရွက်ရန် အာဖဂန်နစ္စတန် အစိုးရအား တိုက်တွန်းခဲ့ပြီး ပါကစ္စတန် ကလည်း ၎င်းကိစ္စကို ကူညီဆောင်ရွက်မည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံ အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား ငွေကြေးထောက်ပံ့မည်ဖြစ်ကာ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ဘဏ္ဍာရေးစနစ်များ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည်ဖြစ်ပြီး ရာသီဥတုဆိုင်ရာ သဘာဝဘေးကာကွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတို့ကို ဆောင်ရွက်မည်ဟု သိရသည်။ နိုင်ငံသားများအနေဖြင့် ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပါဝင်ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
Source: ဆင်ဟွာ DOCA(ပြည်ထောင်စုနယ်မြေ)
