ကုန်သွယ်မှုသတင်းများ
ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့အထိကြာမြင့်ခဲ့သော ၂၀၂၃-၂၀၂၄ သီးနှံနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၅ဘီလီယံကျော်လွန်သွားခဲ့ကြောင်းသိရသည်။ ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်း(VICOFA) ဥက္ကဋ္ဌ Nguyeh Nam Hai သည် ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံနှစ်တွင် ကော်ဖီတန်ချိန် ၁.၄၆ သန်းခန့်တင်ပို့ခဲ့ပြီး ၂၀၂၂-၂၀၂၃ သီးနှံနှစ်နှင့်နှိုင်းယှဉ်ပါက ၁၂.၁% လျေ့နည်းသွားကြောင်းပြောကြားခဲ့သည်။ ပမာဏလျေ့ကျသွားသော်လည်း ပို့ကုန်တန်ဖိုးသည် ၃၃.၁% မြင့်တက်

နိုင်ငံ၏ ရေနံဓာတုပစ္စည်းဝယ်လိုအားကိုဖြည့်ဆည်းပေးရန်အတွက် လာမည့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ၈၇ဘီလီယံတန်ဖိုးရှိရင်းနှီးမြှုပ်နှံမှုများကို အိန္ဒိယနိုင်ငံမှရရှိရန် မျှော်လင့်ထားကြောင်း နိုင်ငံ၏ ရေနံဝန်ကြီး Hardeep Singh Puri က အောက်တိုဘာလ ၁၈ရက်နေ့တွင်ပြောကြားခဲ့သည်။ လူလတ်တန်းစားများပိုများလာသည်နှင့်အမျှ ရေနံဓာတုဗေဒပစ္စည်းအမျိုးမျိုးအတွက် ဝယ်လိုအားမှာ သိသိသာသာမြင့်တက်လာကြောင်း Puri က မွမ်ဘိုင်းရှိ India Cherm 2024 ပွဲ၌ ပြောကြားခဲ့သည်။ အိန္ဒိယသည် နှစ်စဉ် ရေနံဓါတုဗေဒထုတ်ကုန်မတ်ထရစ်တန် ၂၅မှ ၃၀သန်းအထိသုံး

SWISS နာရီတင်ပို့မှုသည် စက်တင်ဘာလတွင် သိသိသာသာကျဆင်းခဲ့ပြီး တရုတ်နိုင်ငံသို့တင်ပို့မှုမှာ ထက်ဝက်ကျဆင်းသွားကာ ဥရောပနိုင်ငံ၏ ရုန်းကန်နေရသော ဇိမ်ခံကုန်ပစ္စည်းကဏ္ဍအပေါ် ဖိအားများ ပိုမိုသက်ရောက်စေခဲ့ကြောင်းသိရသည်။ ဆွစ်ဇာလန်နာရီများ တင်ပို့မှုသည် စုစုပေါင်းတန်ဖိုး ၁.၉ ဘီလီယံ Swiss Franes ခန့်အထိကျဆင်းပြီး တရုတ်နိုင်ငံ၏တင်သွင်းမှုမှာလည်း ၅၀% ကျဆင်းခဲ့ကြောင်း Swiss Watch Industry အဖွဲ့ချုပ်မှ အောက်တိုဘာလ ၁၇ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ဝယ်ယူသုံးစွဲသူများသည် ကပ်ရောဂါဖြစ်ပွားပြီးနောက်ဈေးကြီ

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် ဖူးစားပြောင်းများစိုက်ပျိုးထားရှိသဖြင့် မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဈေးနှုန်းဈေးကွက်များသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ သံကြိုးတန်းလမ်းတွင် သီတင်းကျွတ်အခါကာလ ရောင်စုံမီးပုံများထုတ်လုပ်ရောင်းချနေသော လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။ ထိုသို့သွားရောက်လေ့လာရာတွင် မီးပုံးလုပ်ငန်းကို ဝါခေါင်လတွင်စတင်လုပ်ကိုင်ပြီး သီတင်းကျွတ်လတွင် ရောင်းချကြပါသည်။ မီးပုံးလုပ်ငန်းလုပ်ကိုင်ရန်အတွက် နှီးပိဿာချိန် ၁၀၀ ကုန်ကျပါသည်။ နှီးအပြင် သွပ်နန်းကြိုး၊ နို့ဆီဘူးခွံ၊ သတင်းစာစက္ကူများ၊ ရောင်စုံစက္ကူများလိုအပ်ပါသည်။ မီးပုံရာသီချိန်တွင် မီးပုံအလုံးရေ ၉၀၀၀လုံးပြုလုပ်နိုင်ပြီး ရောင်းချသောဈေး
