ကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Oct 2024

          ဖြူးမြို့၊ အနောက်ဘက်ဒေသတွင် လယ်ကြားမြောင်းများမှဖမ်းယူရရှိသော ဒေသငါးများကို ဖြူးမြို့စည်ပင်သာယာဈေးကြီးသို့ လာရောက်ရောင်းချလျက်ရှိပါသည်။ ယခုလိုမိုးနှောင်းကာလရောက်ချိန်တွင် ဒေသငါးများလှိုင်လှိုင်ပေါ်လျက်ရှိရာ ဒေသငါးများဖြစ်သည့် ငါးနုသန်း၊ ငါးဘတ်၊ ငါးဖယ်အောင်းငါးများမှာ ယခင်စက်တင်ဘာလနှင့် ယှဉ်လျှင်ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပါသည်။

29 Oct 2024

                 တောင်ငူမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များတွင် ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ မရှိမဖြစ်လိုအပ်သော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများ   ရောင်းချလျက်ရှိပါသည်။

29 Oct 2024

            ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ အဆုတ်၊ အူမကြီးကို ကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ နွေရာသီတွင်စားသုံးပေးလျှင် အထူးသင့်လျော်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ကျောက်ဖရုံသီးကို အားနည်းတတ်သောသူ၊ ခေါင်းမူးတတ်သောသူ၊ ဖြူဖတ်ဖြူရော်ဖြစ်နေသောသူ၊ မျက်လုံးအမြင်ဝေဝါးခြင်း၊ ကျောက်ကပ်ရောဂါခံစားနေရသောသူများနှင့် ဆီးရောဂါခံစားနေရသောသူများ အထူးစားသုံးပေးသင့်ပါသည်။ ကျောက်ဖရုံသီးသည် ခန္ဓာကိုယ်အတွင်း

29 Oct 2024

        ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၏ မြေဩဇာကောင်းမွန်သော ုန်းမြေပေါ်တွင် ငရုတ်သီးစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်သီးနှံ၌ မပါမဖြစ်သုံးစွဲနေသော ငရုတ်သီးကို ပြည်ပသို့တင်ပို့ရန်နှင့် ပြည်တွင်းသုံးစွဲရန် နှစ်စဉ် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ဧက( ၇၃၂ ) ခန့်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

29 Oct 2024

            တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်ရောင်းချရန်အတွက် မြိတ်ခရိုင်ဆီကိုယ်စားလှယ်သည် စားအုန်းဆီများကို Global Good Pure Group ကုမ္ပဏီနှင့် Mahar Phone Let Yone ကုမ္ပဏီတို့မှဝယ်ယူ၍ (၁၁.၁၀.၂၀၂၄) ရက်နေ့မှ (၁၄.၁၀.၂၀၂၄)ရက်နေ့ထိ ထုတ်ယူခဲ့သော စားအုန်းဆီတင်ဆောင်လာသောမော်တော်ယာဉ်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

Pages