
ကုန်စိမ်းစျေးကွက်သို့ ဆောင်းဦးရာသီချိန်အတွင်း ပန်းငရုတ်သီးပွနှင့် ငရုတ်သီးစိမ်းများ ဝင်ရောက်မှု အနည်းငယ်လျော့နည်းသွားသော်လည်း စျေးငြိမ်နေကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင် ငရုတ်သီးစိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ ရိတ်သိမ်းမှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၀ တင်း၊အထွက်ပေါင်း ၂၇၆၄၉၄၁၀ တင်း ထွက်ရှိကြောင်း သိရှိရပါသည်။အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့် ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့် ငရုတ်သီး စိမ်းများဝင်ရောက်လျက်ရှိပြီး၊စျေးငြိမ်နေကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းငရုတ်ပွ များကို အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ ခရမ်းရောင်၊ မရမ်း ရောင်နှင့်လိမေ္မာ်ရောင်တို့ တွေ့ရှိရ ပြီး၊ အလေးချိန်ဖြင့် ရောင်းချခြင်းနှင့် အလုံးအရွယ်အစားအလိုက် ရောင်းချခြင်းဟူ၍ နှစ်မျိုးတွေ့ ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ခုနှစ် နိုဝင် ဘာလပထမပတ်အတွင်းဖြစ်ပေါ်သည့်ငရုတ်သီးပွစျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၅၅၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ လက်လီစျေး ၇၅၀၀ ကျပ်နှင့် ၈၀၀၀ကျပ်၊ပန်းငရုတ်ပွ တစ်ခုချင်း စျေး အနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချ လျက်ရှိပြီး၊ အောက်တိုဘာလ နောက်ဆုံး ပတ်စျေးနှင့်နှိုင်းယှဉ်ပါက ပေါက်စျေးကွာခြားမှုမရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုး အစား အလိုက် Canter ၁၂ဘီးနှင့်၆ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀) စီးအကြား ဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
