မတ်ပဲစျေးအနည်းငယ်ကျဆင်း

Powered by Drupal

     ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့်ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာမန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်မတ်ပဲသီးနှံစိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျှက် ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်မတ်ပဲ(ကျောက်စရစ်)၂၅၀၀၀၀ကျပ်နှင့်၂၅၅၀၀၀ ကျပ်၊ မတ်ပဲ ၁၅၀၀၀၀ကျပ်နှင့် ၂၁၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်) ၄၁၆၇ ကျပ် နှင့် ၄၂၅၀ ကျပ်၊ မတ်ပဲ ၂၅၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ (ကောင်း) ၅၅၀၀ကျပ်နှင့် ၅၆၆၇ ကျပ်၊ မတ်ပဲ(ညံ့)၅၀၀၀ကျပ်နှင့် ၅၁၆၇ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲစျေး မှာ အနည်းငယ်ကျ ဆင်းသွားကြောင်း သိရှိရပါသည်။

 DOCA(မန္တလေး)