ကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Nov 2024

           နေပြည်တော်တပ်ကုန်း‌ဒေသထွက် ဖရဲသီးများအား တောင်ငူမြို့သို့ တင်ပို့ရောင်းချလျက်ရှိရာ ၎င်းဖရဲသီးများသည် ဒေသတွင်းမှထွက်ရှိသော ဖရဲသီးများထက် အရသာပိုမိုကောင်းမွန် သောကြောင့် လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိပါသည်။

04 Nov 2024

ပြည်တွင်းရောင်းချမှုနှင့် တင်ပို့မှုထိုးကျခဲ့သောကြောင့် ၂၀၂၄ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းကားထုတ်လုပ်မှုသည် ရည်မှန်းချက်ဖြစ်သည့် အစီးရေ ၁.၇ သန်းရရှိရန်မဖြစ်နိုင်ခြင်းကြောင့် ထိုင်းနိုင်ငံစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) အနေဖြင့် ယခုနှစ်တွင် ရည်မှန်းချက်ကို ဒုတိယအကြိမ်အဖြစ် ပြန်လည်စိစစ်သတ်မှတ်ရန် ယူဆရကြောင်းသိရပါသည်။ ထိုကျဆင်းမှုနှင့်ပတ်သက်၍ အောက်တိုဘာလကုန်ပိုင်းတွင် FTI ၏ မော်တော်ကားလုပ်ငန်းအသင်းမှ အဖွဲ့ဝင်များက ဆွေးနွေးကြမည်ဖြစ်ပြီး ရည်မှန်းချက်အသစ်ကို နိုဝင်ဘာလတွင်ကြေညာရန် မျှ

04 Nov 2024

‌   စားအုန်းဆီကြမ်း (Crude Palm Oil-CPO) စျေးနှုန်းများသည် လတ်တလောကာလတွင် အားကောင်းနေသော်လည်း၊ ၎င်းအခြေအနေသည် ၂၀၂၄ ခုနှစ်အကုန်တွင် ပျောက်ကွယ်သွားဖွယ်ရှိသည်ဟု Fitch Solutions ကုမ္ပဏီမှ နိုင်ငံတကာ စီးပွားရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Business Monitor International-BMI) က ပြောကြားခဲ့ကြောင်း The Edge Malaysia  သတင်း ဌာနက ၂၅-၁၀-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

04 Nov 2024

အင်ဒိုနီးရှားနိုင်ငံရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက နိုင်ငံသည် ၂၀၁၈-၂၀၂၃ ကာလအတွင်း ငါးလုပ်ငန်းထုတ်ကုန်တင်ပို့မှုမှ ပိုငွေရခဲ့ကြောင်းနှင့် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၀.၆၅ ဘီလီယံမှ ၀.၇ ဘီလီယံသာရှိသောကြောင့် ယခုလိုပိုငွေရခဲ့ခြင်းဖြစ်ကြောင်း ၂၄-၁၀-၂၀၂၄ ရက်နေ့ကပြောကြားခဲ့ပါသည်။ ငါးလုပ်ငန်းထုတ်ကုန်နှင့်ပတ်သက်၍ သွင်းကုန်များမှာ နိုင်ငံတွင် မရရှိသော်လည်း ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များက လိုအပ်သော ငါးအရင်းမြစ်များဖြစ်ကြောင်းသိရပါသည်။ အင်ဒိုနီးရှား၏ ငါးလုပ်ငန်

04 Nov 2024

   ထိုင်းနိုင်ငံ၌ အရေးပေါ်အခြေအနေဆိုင်ရာ စားသုံးဆီအရန်သိုလှောင်ထားရှိမှုကို မြှင့်တင်နိုင်ရန်အတွက် ပြည်ပသို့ စားအုန်းဆီတင်ပို့မှုကို အစိုးရက တားမြစ်ပိတ်ပင်ခဲ့ပြီး လက်လီ အရောင်းဆိုင်များ အနေဖြင့်လည်း ဘူးသွင်းစားအုန်းဆီများ၏ ဈေးနှုန်းကို ထိန်းသိမ်းရာတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။

Pages