ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် နှစ်စဉ်မိုးအကုန် ဆောင်းအကူးကာလများ၌ ကွမ်းများဈေးတက်လေ့ရှိရာ ညောင်ပင်ဈေးတွင် ယခင်အောက်တိုဘာလ ဒုတိယအပတ်က ကွမ်းနုဝါ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ မုံရွာကွမ်း တစ် ပိဿာလျှင် ၇၅၀၀ ကျပ်နှင့် ဟင်္သာတကွမ်း တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ် ရှိခဲ့ပါသည်။

တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ဆိုင်များတွင် ရှမ်းပြည်မှတင်သွင်းသည့် မုန်ညင်းမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိသာ ဈေးနှုန်းရှိခဲ့သော်လည်း ယခုအောက်တိုဘာလ တတိယအပတ်တွင် ၂၅ ကျပ်သားလျှင် ၂၅၀၀ ကျပ်၊ တစ်ပိဿာယူလျှင် ၈၀၀၀ ကျပ်ဖြစ်သဖြင့် ဈေးနှုန်းမှာ ၅၀၀၀ ကျပ်အထိ မြင့်တက်ပါသည်။

တရုတ်ကားထုတ်လုပ်သူများသည် ဒဏ်ခတ်ထားသော သွင်းကုန်ခွန်များကိုကျော်ကာ ဈေးကွက်သစ်များတွင် ဝယ်လိုအားကိုဖြည့်ဆည်းရန် ၎င်းတို့၏ပြင်ပထုတ်လုပ်မှုစွမ်းရည်ကို နှစ်ဆကျော်လုပ်ဆောင်နိုင်မည်ဟု Bloonberg သတင်းဌာနမှဆိုသည်။ တရုတ်နိုင်ငံတွင် ကားများ၏ အဓိကအစိတ်အပိုင်းများကို ပြည်ပသို့တင်ပို့ခြင်းနှင့် တပ်ဆင်ခြင်းတို့ပြုလုပ်ခြင်းသည် အစဉ်အလာအားဖြင့် နိုင်ငံခြားဈေးကွက်ကိုထိတွေ့ရန် တရုတ်ထုတ်လုပ်သူများ၏ ဦးစားပေးချဉ်းကပ်ခြင်းဖြစ်သည်။ သို့သော် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် တူရကီမှ အခွန်များစည်းကြပ်နေပြီဖြစ်ရာ လု

တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရှမ်းပြည်ဘက်မှတင်သွင်းလာသော ဘိုစားပဲသီးမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ရှိခဲ့ရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် ၁၀ ကျပ်သား လျှင် ၁၀၀၀ ကျပ်၊ ၂၅ ကျပ်သား ၂၀၀၀ ကျပ်နှင့် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

ကမ္ဘောဒီးယားသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ( FDI ) ဒေါ်လာ ၄၃၃သန်းရရှိနိုင်အောင်ကြိုးစားလျက်ရှိပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်ပေါင်း ၂၅,၀၀၀ ခန့်ဖန်တီးပေးနိုင်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားဖွံဖြိုးတိုးတက်ရေးကောင်စီ (CDC) ဒုတိယထွေထွေအတွင်းရေးမှူး Sar Senera ယခုလအတွင်း ရင်းနှီးမြှုပ်နှံမှုပရောဂျက် ၂၈ခုကို မှတ်ပုံတင်ထားကြောင်းမှတ်ချက်ပြုခဲ့သည်။ ၂၀၂၄ခုနှစ်၏ ပထမ (၉) လအတွင်း CDC သည် ရင်နှီးမြှုပ်နှံမှုစီမံကိန်းစုစုပေါင်း ၃၁၅ခု၊ တန်ဖို
