ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Nov 2024

            မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်သည် စားသုံးမှုမြင့်မားလျက်ရှိသည့် သကြားပြောင်းဖူးစိုက်ခင်းများကိုလည်း နှစ်စဉ်ရာသီအလိုက်စိုက်ပျိုးခြင်းဖြင့် နေ့စဉ်ကုန်စိမ်းသီးနှံဈေးကွက်သို့ သကြားပြောင်းဖူးများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စိုက်ပျိုးမှုများသော ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မြစ်ရေဝင်ကျေးရွာများဖြစ်သည့် ကံလှ၊ ကျွန်းဦး၊ ကျွန်းညို၊ ဘောလုံးခုံ၊ သံပုရာပင်ကုန်း၊ နန်းတော်ရပ်ကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့များမှလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ

05 Nov 2024

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)မှစ၍  ကြက်သွန်နီဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုအောက်တိုဘာလ(စတုတ္ထပတ်)တွင်လည်း ဈေးဆက်လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။ ကြက်သွန်နီဈေးကွက်သို့ ဆိပ်ဖြူမြို့ နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများနှင့် အခြားမြို့နယ်များဖြစ်သည့် ပခုက္ကူ၊ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ တညောင် မြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ

05 Nov 2024

              မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတစ်မျိုးဖြစ်သည့် ဘိလပ်မြေဈေးနှုန်းများမှာ အောက်တိုဘာလ (စတုတ္တပတ်)တွင် ကြံ့(၂)ကောင်အမှတ်တံဆိပ်တစ်အိတ်လျှင် ကျပ်(၁၀၃၀၀)၊ အပါချီ အမှတ်တံဆိပ် တစ်အိတ်လျှင်  ကျပ်(၁၁၀၀၀)၊ အယ်လ်ဖာ အမှတ်တံဆိပ်တစ်အိတ်လျှင် ကျပ်(၁၀၃၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်မှုနည်းသောကြောင့် ဘိလပ်မြေဈေးနှုန်းများမှာ တည်ငြိမ်

05 Nov 2024

             မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စုရှိ ပုထိုးစမ်းကျေးရွာတွင် နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့်ပဲစဉ်းငုံသီးနှံများကို စိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ အောက်တို ဘာလ(ပထမပတ်)တွင် ပဲတီစိမ်းစိုက်တောင်သူ(၅၀)ဦးမှ ဧက(၁၀၀၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

05 Nov 2024

         မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ်ကျေးရွာ၌ ဆောင်းသီးနှံကုလားပဲကို တောင်သူ(၆၀)ဦးမှ စိုက်ဧက(၃၀၀)ခန့်အား ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (စတုတ္ထပတ်)တွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

Pages