ဈေးနှုန်းမြင့်တက်လာသောအာလူးသီး

Powered by Drupal

   မြင်းခြံမြို့ရှိ အေးမြသီတာဈေး၌ စားဖိုဆောင်သီးနှံမျိုးစုံရောင်းဝယ်လျက်ရှိရာ အာလူးသီး သီးနှံများကိုလည်း ရောင်းဝယ်လျက်ရှိကြောင်း၊ အာလူးသီးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်းပန်းပွဲရုံများမှ တင်သွင်း၍ ဒေသတွင်းဖြန့်ဖြူးရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ တွင်အာလူးသီးအကြီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ အာလူးသီးအလတ် တစ်ပိဿာ လျှင်(၇၀၀၀) ကျပ်၊  အာလူးသီးအသေးတစ်ပိဿာလျှင် (၅၅၀၀)ကျပ်ခန့်ပေါက် ဈေးများဖြင့် ရောင်းချ ကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် အာလူးသီးကြီး တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ အာလူးသီးအလတ် တစ်ပိဿာလျှင်(၅၀၀)ကျပ်၊  အာလူးသီးအသေး တစ်ပိဿာလျှင် (၈၀၀)ကျပ် ခန့်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ရာသီချိန်ကုန်ခါနီးပြီဖြစ်သောကြောင့် အာလူးသီးဈေးမြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့၌ အာလူးအသစ်များ ထွက်ပေါ်လာပါက ဈေးနှုန်းများကျဆင်းနိုင်ကြောင်း၊ နေ့စဉ်ကုန်ချိန် (၅၀-၁၅၀) ပိဿာခန့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းစားသုံးရန်နှင့် တောင်သာမြို့သို့လည်း တင်ပို့ရောင်းချရကြောင်း၊ စားသုံးမှုများပြားပြီး အရောင်းအဝယ်ကောင်းကြောင်း ကုန်စိမ်းပွဲရုံများမှသိရှိရသည်။

DOCA(မန္တလေး)