
ပြည်တွင်းဝယ်လိုအား ဆက်လက်တည်မြဲမှုနှင့် ပို့ကုန်အသားတင်တန်ဖိုး မိုမိုမြင့်မားလာမှုတို့ကြောင့် မလေးရှားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်၏ တတိယ သုံးလပတ်တွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဗဟိုဘဏ်က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
Bank Negara Malaysia (BNM) က ထုတ်ပြန်ချက်တွင် ပြည်တွင်းအိမ်ထောင်စုသုံးစွဲမှုကို အလုပ်သမားဈေးကွက် အခြေအနေကောင်းများ၊ ဝင်ငွေဆိုင်ရာမူဝါဒအစီအမံများနှင့် ငွေသားအကူအညီ အစီအစဉ်များဖြင့် ပံ့ပိုးပေးထားကြောင်း ဖော်ပြထားပါသည်။
မလေးရှားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တရားဝင်ခန့်မှန်းထားသော ၄ ရာခိုင်နှုန်းမှ ၄.၈ ရာခိုင်နှုန်း အတွင်းတွင် ရောက်ရှိခဲ့ပါသည်။ ၎င်းသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကြားတွင် ခံနိုင်ရည်ရှိမှုကို ဆက်လက်ထင်ဟပ်စေကြောင်း BNM အုပ်ချုပ်ရေးမှူး Abdul Rasheed Ghaffour က ပြောကြားခဲ့ပါသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများသည် ဆက်လက်၍ စိန်ခေါ်မှုများ ရှိနေမည်ဖြစ်ပြီး ရောက်ရှိလာနိုင်သည့် မည်သည့်အခက်ခဲကိုမဆို ကျော်လွှားနိုင်ရန် စီးပွားရေးဆိုင်ရာ အရံငွေများကို ဆက်လက်၍ အားဖြည့်ရန်လိုအပ်မည်ဖြစ်ကြောင်း Abdul Rasheed Ghaffour က ဆက်လက် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
