ကုန်သွယ်မှုသတင်းများ
မြန်မာလူမျိုးတို့သည် သပြေပန်းကို အခြားသောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေပန်းသည် ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိကြောင်း၊ ယခုအခါတွင် သပြေပန်းပင် များကို ခြံဖွဲ့၍စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။

ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့် မစိမ်းပါ။ ကောက်ရိုးမှိုသည် သဘာဝအလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကိုလည်း တွေ့ရကြောင်း၊ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲ၊ ဖွဲနုများကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြကြောင်း၊ ကောက်ရိုးမှိုကို စနစ်တကျစိုက်ပျိုးခြင်းမရှိလျှင် အထွက်နှုန်းမကောင်းခြင်း၊ လုံးဝမထွက်ခြင်း၊ အထွက်နောက်ကျခြင်းနှင့် အပွင့်ငယ်ခြင်းတို့ ဖြစ်တတ်ကြောင

မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင်၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များသည်။ မေမြို့ပန်းသည် မြန်မာ့ဓလေ့ထုံးတမ်းများတွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိကြောင်း၊ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ပူဇော်ခြင်း၊ အိမ်တွင်းအလှဆင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်နေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အပိုဝင်ငွေရရှိရန် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် အထောက်အကူရရှိ၍ အဆင်ပြေလျက် ရှိကြောင်း၊ ဂန္ဓမာပန်းများကို ဘုရားကပ်လှူရန် အများဆုံးဝယ်ယူကြကြောင်း၊ နေအိမ်အတွင်း မြေကွက်လပ်များတွင် ဂန္ဓမာပန်းများအပြင် အခြားသီးပင်စားပင်များကိုလည်း စိုက်ပျိုးရောင်းချ သည့်အတွက် ဂန္ဓမာပန်း စိုက်ပျိုးရောင်းချသူ ဒေါ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။
