ကုန်သွယ်မှုသတင်းများ
နေ့ပူ ညချမ်း တပေါင်းလဆန်း ဆိုသည့် ဆိုရိုးစကားအတိုင်း တပေါင်းလသည် နွေဦးရာသီ အစဖြစ်သည့်အတွက် နံနက်(၁၀:၀၀)နာရီအချိန်မှစတင်၍ နေပူပြင်းလာသည်ဖြစ်ရာ အအေးဆိုင်များတွင် ဖျော်ရည်များကို စတင်ရောင်းချလျက်ရှိကြောင်း၊ ရွှေဘိုမြို့ရှိ ဒေသခံပြည်သူများနှင့် ရွှေဘိုမြို့ အနီးတဝိုက်ရှိ ကျေးရွာများမှလည်း ရွှေဘိုမြို့ပေါ်သို့ ဈေးများလာရောက်ဝယ်ယူပြီး အပြန်တွင် ဖျော်ရည်များကို ဝယ်ယူစားသောက်ကြကြောင်း၊ ရာသီပေါ်သီးနှံဖြစ်သည့် မန်ကြီးဖျော်ရည်နှင့် ကြံ ရည်များကို ရောင်းချလျက်ရှိပြီး ရွှေရည

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

ရွှေဘိုမြို့ရှိ ဈေးများတွင် ပေါ်ဉီးပေါ်ဖျားဖြစ်သည့် သခွားမွှေးများကို ရောင်းချလျက်ရှိပါသည်။ သခွားမွှေးကို ရွှေဘိုမြို့ရှိ အနီးတဝိုက်ရှိ ကျေးရွာများမှလည်း စိုက်ပျိုးကြသည့်အပြင် ရေဦးမြို့မှလည်းစိုက်ပျိုးကြပြီး ရွှေဘိုမြို့သို့ လာရောက်ရောင်းချကြောင်း သိရှိရပါသည်။ သခွားမွှေးကို ရွှေဘိုမြို့ရှိ ဒေသခံများအပြင် ခရီးသွားပြည်သူများလည်း ဝယ်ယူလျက်ရှိကြောင်း၊ ခေါင်းရွက်ဗျက် ထိုးဈေးသည်များလည်းဝယ်ယူပြီး ပြန်လည်ရောင်းချချကြောင်း၊ သခွားမွှေးကို အလုံးလိုက်သော် လည်းကောင်း၊ အစိတ

ရွှေဘိုခရိုင်အတွင်းတွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက် မှုမှာဖေဖော်ဝါရီလ တတိယပတ်တွင် ရန်ကုန်သို့ (115265)အိတ်၊ မန္တလေးသို့ (71481) အိတ်၊နေပြည်တော် သို့ (2481)အိတ်၊ပဲခူးတိုင်းသို့ (15450)အိတ်၊ ဧရာဝတီ တိုင်းသို့ (2110)အိတ်၊ မကွေးတိုင်းသို့ (1430)အိတ်၊ ရှမ်း(တောင်)သို့ (28065)အိတ်၊ ကချင်ပြည်နယ်သို့ (3500)အိတ်၊ မွန်ပြည်နယ်သို့ (14204)အိတ်၊ ကရင်ပြည်နယ်သို့ (2225)အိတ် စုစ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်ကြောင်း၊ ကန့်ဘလူမြို့နယ်တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ လာရောက်ရောင်းချလျက်ရှိကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များ ကိုလူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း၊ မန်ကျည်းသီးမှည့်များကို အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရ
