ကုန်သွယ်မှုသတင်းများ
၄.၃.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မော်လမြိုင်နည်းပညာရေးတက္ကသိုလ်နှင့် မော်လမြိုင် တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ မြေပဲ၊ နှမ်းနှင့်ပဲမျိုးစုံသီးနှံများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲလွန်းပြာသီးနှံမှာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်) မှစ၍ ဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စိုက်ပျိုးမှုအနေဖြင့် ပဲလွန်းသီးနှံကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူကျွန်းဒေသများ ဖြစ်သည့် မြစ်ခြေ၊ ကမ္မ၊ ကျွန်းရွာများနှင့် နီးစပ်ရာကျေးရွာများအပြင် မြိုင်၊ ရေစကြို၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်နှင့် ယောနယ် ဒေသမျာ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ်စိုက်ဧက အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ် သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူ ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးကွက်သို့ မိုးကြက်သွန်နီ(ဥစိုက်)များ ဝင်ရောက်အရောင်းအဝယ် ဖြစ်ခဲ့ရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ သီးနှံမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် နှမ်းနက်(စမုန်)များ ပြည်ပ အဝယ်လိုက်၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ နှမ်းသီးနှံစိုက်ပျိုးမှု များသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများနှင့် အ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိသော စားတော်ပဲများ ဈေးအနည်းငယ်ကျဆင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)အစောပိုင်းမှစ၍ ယောနယ်ဒေသထွက် ကျွန်းစားတော်ပဲ(အသစ်)များ ပွဲရုံဈေးကွက်တွင် စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကျွန်းစား တော်ပဲစိုက်ပျိုးမှုများသော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့မှထွက်ရှိသော စားတော်ပဲများ ပွဲရုံမျာ
