
မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအသီးသီး၌ ဂျုံဖြင့်ပြုလုပ်ထားသော အီကြာကွေးမုန့်များ ကိုရောင်းချကြောင်း၊ အီကြာကွေးများကို လဘက်ရည်၊ ကော်ဖီ၊ နွားနို့၊ ပဲပြုပ်၊ သကြား များနှင့်တွဲဖက်၍စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်၌ အီကြာကွေးတစ်ချောင်းလျှင် (၈၀၀-၁၀၀၀) ကျပ်ခန့်ဖြင့် အသီးသီးရောင်းချကြောင်း၊ နံနက်ခင်း အစာပြေ breakfast အဖြစ်စားသုံးကြသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ် မုန့်အရေ အတွက် (၂၀၀-၃၀၀) ချောင်းခန့်ကြော်ရကြောင်း၊ တဆင့်ပြန်လည်ရောင်းချရန် ဖောက်သည် များကလည်း ဝယ်ယူကြောင်း၊ မုန့်အော်ဒါအမှာရှိပါ အရေအတွက် တိုး၍ကြော်ရကြောင်း၊ မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း အီကြာကွေးပြုလုပ်ရာတွင် ဂျုံ၊ Breaking powder ၊ နွားနို့၊ ဆား၊ သကြား၊ ဆီနှင့် ကြက်ဥများထည့်သွင်းအသုံးပြုကြောင်း အီကြာကွေးရောင်းချ သူ၏ပြောပြချက်အရ သိရှိရသည်။
DOCA(မန္တလေး)
