ကုန်သွယ်မှုသတင်းများ
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ စွန်တာနီပဲ (ခေါ်)ပဲနီကိုလည်း စိုက်ပျိုးလျက်ရှိပြီး ပဲနီကို ကန့်ဘလူမြို့ပွဲရုံများနှင့်မြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းနှင့် အခြားမြို့နယ်ဒေသထွက် ထွက်ရှိသော လယ်ယာထွက်ကုန်သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများကို ညောင်တုန်းမြို့နယ်အတွင်းရှိ ကုမ္ပဏီ(၄)ခုမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကာလတွင် ပြည်ပသို့ တင်ပို့လျှက်ရှိကြောင်းသိသည်။
မြန်မာ့လယ်ယာထွက်ကုန်သီးနှံ့များ၊ မွေးမြူရေးလုပ်ငန်းများရှိသဖြင့် ရေထွက်ပစ္စည်းများ ပြည်ပ နိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ အနောက်ပိုင်းရပ်ကွက်တွင် ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှိပြီး ပန်းတနော်ကျေးရွာများမှ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး သင်၊ စပါး၊ ပဲတီစိမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲလွန်းဖြူ တို့ကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံ ပဲလွန်းဖြူ ကို စိုက်ဧက ၈၄၆၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ဆောင်းသီးနှံ မတ်ပဲ ရှစ်သောင်း ကိုးထောင် သုံးရာ ကျော် စိုက်ဧက နှစ်စဉ်စိုက်ပျိုးကြောင်း၊ မိုးစပါး၊ နွေစပါး စိုက်ပျိုးကြပြီး ပဲမျိုးစုံကို ဆောင်းရာသီတွင် သာ စိုက်ပျိုးကြသည်။ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် စပါး၊ ပဲ၊ ပြောင်း၊ ငရုတ်နှင့် ဆီထွက်သီးနှံများကို အဓိကထား၍ နှစ်စဉ် စိုက်ပျိုးကြက

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူပဲဈေးကွက်တွင် ပဲတီစိမ်း အရောင်းအဝယ်ဖြစ် လျက်ရှိရာ ဓနုဖြူမြို့နယ်တွင် ဆောင်းသီးနှံ ပဲတီစိမ်းသီးနှံများ စတင်၍ ဝင်ရောက် ထွက်ရှိနေပြီး ပဲပွဲရုံများမှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းသီးနှံများကို ဆောင်းရာသီတွင် စိုက်ပျိုးကြပြီး ဓနုဖြူမြို့နယ်အတွင်း ကျေးရွာများတွင် ၁၂၄၁ဧက စိုက်ပျိုးပြီး ထွက်ရှိနေ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇန်နဝါရီလ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်းသီးနှံ တစ်တင်း လျှင် ငွ
