ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ပြည်တွင်းအသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအနက်မှ အိမ်တွင်းတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော ဖယောင်းတိုင် လုပ်ငန်းသည် ဈေးကွက်ရရှိ၍ စီးပွားဖြစ်လုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။ မြန်အောင်မြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရွှေဘုံသာတာကြီးတန်းလမ်းရှိ “ထန်းတော”ဖယောင်းတိုင်ထုတ်လုပ်မှုမှာ တစ်နှစ် လျှင် ဖယောင်းတိုင်အထုပ်ရေ အမျိုးမျိုး(၂၅၀၀၀)ခန့်ထုတ်လုပ်နိုင်ပြီး၊ တစ်နေ့လျှင် အထုပ် (၁၅၀) မှ (၂၀၀) ခန့်ထိ ပျှမ်းမျှ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၄.၂.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ဟင်္သာတမြို့ မြန်မာ့ စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ကြက်ဥနှင့် စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဖေဖော်ဝါရီလ၏ တတိယအပတ်တွင် ဆန်စပါး ဈေးနှုန်းမှာ ကျဆင်းလျှက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်း ဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့် စုစုပေါင်း (၅၀၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၅၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဖေဖော်ဝါရီလ၏ နောက်ဆုံးအပတ်တွင် မော်လမြိုင်သို့ (၂၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၂၀) အိတ်ခန့်၊ စုစုပေါင်း (

မန္တလေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံအများအပြား စိုက်ပျိုးသည့်တိုင်းဖြစ်ပြီး၊သီးနှံ ကို မိုးမြေပဲနှင့်ဆောင်းမြေပဲအဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၀၃၇၅၂ ဧက၊ရိတ်သိမ်းမှု ၃၁၀၀၇၉ ဧက၊အထွက်နှုန်း ၄၂.၆၅ တင်း၊ အထွက်စုစုပေါင်း ၁၃၂၂၃၆၄၉ တင်းဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတော်မှ ဆီထွက် သီးနှံမြေပဲ၊နှမ်းနှင့်နေကြာသီးနှံများ ကြိတ်ခွဲသည့်စားသုံးဆီများဖြင့် ပြည်တွင်းစားဆီ ဖူလုံမှုရှိစေရေး၊ စားဆီများတင်သွင်းမှုလျော့ချနို

မန္တလေးစျေးကွက်သို့ ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း အစေ့ထုတ်ပြောင်းသီးနှံအများ အပြားဝင်ရောက်လျက်ရှိပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းစိုက်ပျိုးသည့်အစေ့ထုတ်ပြောင်း (ထိုင်ဝမ်)မျိုးနှင့် ရှမ်းပြောင်းမျိုးတို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု ၃၆၆၂၂ ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း ၄၉.၅၅ တင်း၊အထွက် တင်း စုစုပေါင်း ၆၆၀၅၉၁တင်းဖြစ်ကြောင်း သိရပါတယ်။
