အိမ်သုံးလျှပ်စစ် နှင့် ဆောက်လုပ်ရေးပစ္စည်းများ

Powered by Drupal

Recall number - 18-124

Date published – 15/3/2018

အမျိုးအစား   - အီလက်ထရောနစ်ပစ္စည်း

ကုန်ပစ္စည်း     - Wi-fi

တံဆိပ်          - WiOn

 

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါ နံရံကပ် wifi ခလုတ်သည် အပူလွန်ကဲပြီး မီးလောင်မှုကိုဖြစ်စေနိုင်ကြောင်း ဖော်ပြထား ပါသည်။

အသိပေးချက်

သို့ဖြစ်ပါ၍ အဆိုပါ wi-fi ခလုတ်ကို အသုံးပြုနေသူများရှိပါက Southwire သို့ ဆက်သွယ်၍ ပြန်လည်လဲလှယ်နိုင်ကြောင်း အသိပေးကြေညာ ထားသည့်အတွက် မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေနိုင်ရန် အသိပေး တင်ပြအပ်ပါသည်။

ထုတ်လုပ်သည့်နိုင်ငံ - China

Source: United States Consumer Protect Safety Commission

Code: 04201914

Alert Number - 2018/17226

Date published –23/12/2018

အမျိုးအစား    - လျှပ်စစ်နှင့်နည်းပညာပစ္စည်း

ကုန်ပစ္စည်း     - အားသွင်းကိရိယာ

တံဆိပ်          - iGear

ရောင်းချခဲ့သည့်ရက်စွဲ - 1 November 2014 - 30 November 2018

 မော်ဒန်နံပါတ် - DAS63ZJE

Input: 100-240V 50-60Hz, 0.5 A,
Output: 5V dc, 2A

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါအားသွင်းကိရိယာ၏ကိုယ်ထည်တွင်ပါဝင်သော အပိုင်း(၂)ပိုင်းသည် ကွဲထွက်နိုင်သည့် အတွက် အားသွင်းနေသည့်အချိန်တွင်း ဓာတ်လိုက်မှုများဖြစ်စေနိုင်ကြောင်း အသိပေး ကြေညာ ထားပါသည်။

အသိပေးချက်

အဆိုပါအားသွင်းကိရိယာသည် သုံးစွဲသူများအတွက် အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ၄င်းပစ္စည်း အား ဆက်လက်မသုံးစွဲကြရန်နှင့် ၄င်းပစ္စည်းအားရောင်းချခဲ့သော iGear သို့ ဆက်သွယ်၍ ပြန်လည်လဲလှယ်နိုင်ကြောင်း ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။

 

Source: Australian Competition & Consumer Commission

Code: 022011914

Scout and Ranger portable wood pellet grills

Recall Number – 18-230

Recall Date – 25.9.2018

အမျိုးအစား - အိမ်အသုံးအဆောင်ပစ္စည်း

တံဆိပ် - Scout and Ranger portable wood pellet grills

ထုတ်လုပ်သည့်နိုင်ငံ - တရုတ်နိုင်ငံ

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါပစ္စည်းသည် မီးကင်နေစဉ်အတွင်း ဆီယိုစိမ့်မှုဖြစ်ပေါ်ကာ မီးလောင်မှုအန္တရာယ်ကို ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။

အသိပေးချက်                  

ပြန်လည်သိမ်းဆည်းရန်ကြေညာထားသော အဆိုပါပစ္စည်းများအား အသုံးမပြုကြပါရန်နှင့် Traeger Grills နှင့်ဆက်သွယ်၍အစားထိုးပစ္စည်းတစ်ခုပြန်လည်ရယူနိုင်ပါကြောင်း သို့မဟုတ်  ပြန်အမ်းငွေရယူနိုင်ပါကြောင်း ဖော်ပြထားပါသဖြင့် မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေနိုင်ရန် အသိပေးတင်ပြအပ်ပါသည်။

Source: Untied States Consumer Product Safety Commission

CALYPSO Ceiling Lamps

Recall Number – 18-240

Recall Date – 27.9.2018

အမျိုးအစား - အိမ်အသုံးအဆောင်ပစ္စည်း

တံဆိပ် - CALYPSO Ceiling Lamps

ထုတ်လုပ်သည့်နိုင်ငံ - တရုတ်နိုင်ငံ

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါမျက်နှာကျက်မီးအိမ်တွင်ပါရှိသည့် ဖန်အဖုံးသည် ပြုတ်ထွက်၍ အပေါ်မှအောက်သို့ ပြုတ်ကျနိုင်သောကြောင့် သုံးစွဲသူအား ထိခိုက်အန္တရာယ်နှင့် ပေါက်ပြဲဒဏ်ရာရရှိစေနိုင်ကြောင်း ဖော်ပြထားပါသည်။

အသိပေးချက်

ပြန်လည်သိမ်းဆည်းရန်ကြေညာထားသော အဆိုပါမီးအိမ်များအား အသုံးမပြုကြပါရန်နှင့် IKEA store နှင့်ဆက်သွယ်၍ ပြန်အမ်းငွေရယူနိုင်ပါကြောင်း ဖော်ပြထားပါသဖြင့် မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေနိုင်ရန် အသိပေးတင်ပြအပ်ပါသည်။

Source: Untied States Consumer Product Safety Commission

Recall number - 18-747

Recall Date – 12/6/2018

အမျိုးအစား - အိမ်အလှဆင်ပစ္စည်းများ

ကုန်ပစ္စည်း - အလှဆင်မီးတိုင်

တံဆိပ် - Ashley

ရောင်းချခဲ့သောအချိန် - February 2017 - April 2018

အန္တရာယ်ဖြစ်စေနိုင်သောပုံစ     

အဆိုပါမီးတိုင်၏ Label (ကုန်ညွှန်းအမှတ်အသား) တွင် ၄၀ ဝပ် (40 watt) မီးလုံးအား အသုံးပြုနိုင်ကြောင်း ဖော်ပြထားသော်လည်း အမှန်တကယ် အသုံးပြုနိုင်သည့် မီးလုံးအားမှာ ၂၅ ဝပ် (25 watt) ဖြစ်သည့်အတွက် မှားယွင်းအသုံးပြုမိပါက မီးလောင်ကျွမ်းမှုကို ဖြစ်စေ နိုင်ကြောင်းဖော်ပြထားပါသည်။

အသိပေးချက်

Ashley ကုမ္ပဏီ အနေဖြင့် Label (ကုန်ညွှန်းအမှတ်အသား) မှားယွင်းစွာ ဖော်ပြထားသည့် မီးတိုင်များအား ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်းနှင့် စားသုံးသူများအနေဖြင့် အဆိုပါ မီးတိုင်များအား ဆက်လက်အသုံးမပြုကြရန် ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံမှ စားသုံးသူများလည်း သိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။

ထုတ်လုပ်သည့်နိုင်ငံ   - အိန္ဒိယ

ထုတ်လုပ်သူ - DBA Export India PVT Ltd., of India

တင်သွင်းသူ - Ashley Furniture Industries Inc., of Arcadia, Wis

 

Source: United States Consumer Protect Safety Commission

Code: 042016812

Pages