အိမ်သုံးလျှပ်စစ် နှင့် ဆောက်လုပ်ရေးပစ္စည်းများ
CALYPSO Ceiling Lamps
Recall Number – 18-240
Recall Date – 27.9.2018
အမျိုးအစား - အိမ်အသုံးအဆောင်ပစ္စည်း
တံဆိပ် - CALYPSO Ceiling Lamps
ထုတ်လုပ်သည့်နိုင်ငံ - တရုတ်နိုင်ငံ
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
အဆိုပါမျက်နှာကျက်မီးအိမ်တွင်ပါရှိသည့် ဖန်အဖုံးသည် ပြုတ်ထွက်၍ အပေါ်မှအောက်သို့ ပြုတ်ကျနိုင်သောကြောင့် သုံးစွဲသူအား ထိခိုက်အန္တရာယ်နှင့် ပေါက်ပြဲဒဏ်ရာရရှိစေနိုင်ကြောင်း ဖော်ပြထားပါသည်။
အသိပေးချက်
ပြန်လည်သိမ်းဆည်းရန်ကြေညာထားသော အဆိုပါမီးအိမ်များအား အသုံးမပြုကြပါရန်နှင့် IKEA store နှင့်ဆက်သွယ်၍ ပြန်အမ်းငွေရယူနိုင်ပါကြောင်း ဖော်ပြထားပါသဖြင့် မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေနိုင်ရန် အသိပေးတင်ပြအပ်ပါသည်။
Source: Untied States Consumer Product Safety Commission
Recall number - 18-747
Recall Date – 12/6/2018
အမျိုးအစား - အိမ်အလှဆင်ပစ္စည်းများ
ကုန်ပစ္စည်း - အလှဆင်မီးတိုင်
တံဆိပ် - Ashley
ရောင်းချခဲ့သောအချိန် - February 2017 - April 2018
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
အဆိုပါမီးတိုင်၏ Label (ကုန်ညွှန်းအမှတ်အသား) တွင် ၄၀ ဝပ် (40 watt) မီးလုံးအား အသုံးပြုနိုင်ကြောင်း ဖော်ပြထားသော်လည်း အမှန်တကယ် အသုံးပြုနိုင်သည့် မီးလုံးအားမှာ ၂၅ ဝပ် (25 watt) ဖြစ်သည့်အတွက် မှားယွင်းအသုံးပြုမိပါက မီးလောင်ကျွမ်းမှုကို ဖြစ်စေ နိုင်ကြောင်းဖော်ပြထားပါသည်။
အသိပေးချက်
Ashley ကုမ္ပဏီ အနေဖြင့် Label (ကုန်ညွှန်းအမှတ်အသား) မှားယွင်းစွာ ဖော်ပြထားသည့် မီးတိုင်များအား ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်းနှင့် စားသုံးသူများအနေဖြင့် အဆိုပါ မီးတိုင်များအား ဆက်လက်အသုံးမပြုကြရန် ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံမှ စားသုံးသူများလည်း သိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
ထုတ်လုပ်သည့်နိုင်ငံ - အိန္ဒိယ
ထုတ်လုပ်သူ - DBA Export India PVT Ltd., of India
တင်သွင်းသူ - Ashley Furniture Industries Inc., of Arcadia, Wis
Source: United States Consumer Protect Safety Commission
Code: 042016812
Recall number - 18-170
Date published – 6/6/2018
အမျိုးအစား - လျှပ်စစ်ပစ္စည်း
ကုန်ပစ္စည်း - ဖန်မီးချောင်း
တံဆိပ် - GE Lighting
ရောင်းချခဲ့သောအချိန် - 2017 November – 2018 April
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
အဆိုပါ ဖန်မီးချောင်း၏အစွန်းတစ်ဖက်တွင်ရှိသော pins (ငုပ်တိုင်) များသည် တပ်ဆင်နေစဉ် အချိန်တွင် သော်လည်းကောင်း၊ ဖြုတ်နေစဉ်အချိန်တွင်သော်လည်းကောင်း လျှပ်စစ်စီးဝင်နိုင်သော ကြောင့် ဓာတ်လိုက်မှုကိုဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
အသိပေးချက်
သုံးစွဲသူများအနေဖြင့် အဆိုပါ ဖန်မီးချောင်းအား တပ်ဆင်ခြင်း (သို့) ဖြုတ်ခြင်း ပြုလုပ်ရာ၌ မီးခလုတ်အားပိတ်ထားသင့်ကြောင်း အသိပေးကြေညာထားသည့်အတွက် မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေနိုင်ရန် အသိပေး တင်ပြအပ်ပါသည်။
ထုတ်လုပ်သည့်နိုင်ငံ - China
Source: United States Consumer Protect Safety Commission
Code: 042016814
ကုန်ပစ္စည်း- လေအေးပေးစက်
ကုန်ပစ္စည်းအမည်- Packaged Terminal Air Conditioners/Heat Pumps (PTACs)
မော်ဒန်နံပါတ် - EKTC15, EKTH15,
PMC15, PMH12, PMH15, PTC15,
PTH12, PTH15, UCYB15 and UCYH15
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
အဆိုပါလေအေးပေးစက်၏ အပြင်ဘက်ပန်ကာမော်တာသည် အပူလွန်ကဲပြီးမီးလောင်ကျွမ်းမှုကိုဖြစ်စေနိုင်ကြောင်းဖော်ပြထားပါသည်။
အသိပေးချက်
စားသုံးသူများအနေဖြင့် Goodman သို့ ဆက်သွယ်ပြီးအခမဲ့ ပြန်လည်ပြင်ဆင်နိုင်ကြောင်းနှင့် ယခုအခါ အဆိုပါပစ္စည်းသုံးစွဲမှုများ၌ မီးလောင်ကျွမ်းမှုဖြစ်စဉ်များဖြစ်ပေါ်လျက်ရှိကြောင်းမြန်မာနိုင်ငံမှ စားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
ထုတ်လုပ်သည့်နိုင်ငံ - US
ရောင်းချခဲ့သောနေရာ - နိုင်ငံအဝှမ်းရှိ Goodman အရောင်းကိုယ်စားလှယ်များ
ရောင်းချခဲ့သောအချိန် - ၂၀၁၀ ခုနှစ် ဇန်နဝါရီလ မှ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ
ရောင်းချခဲ့သောစျေးနှုန်း - $700 မှ $1,400ကြား
Date published –8/2/2018
အမျိုးအစား- လျှပ်စစ်နှင့်နည်းပညာပစ္စည်း
ကုန်ပစ္စည်း - အားသွင်းကိရိယာ
တံဆိပ် - Comsol
ရောင်းချခဲ့သည့်ရက်စွဲ - May 2017- February 2018
မော်ဒန်နံပါတ် - WCU4WH
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
အဆိုပါ အားသွင်းကိရိယာ၏ ကိုယ်ထည်သည် ၂ပင်ထိုးပလပ်မှ ပြုတ်ထွက်နိုင်သည့်အတွက် ၄င်းပလပ်သည် အားသွင်းခုံတွင်ကျန်ရှိပြီးဓာတ်လိုက်မှုများဖြစ်စေနိုင်ကြောင်းအသိပေးကြေညာထားပါသည်။
အသိပေးချက်
အဆိုပါအားသွင်းကိရိယာသည်သုံးစွဲသူများအတွက်အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ၄င်းပစ္စည်းအားဆက်လက်မသုံးစွဲကြရန်နှင့် ၄င်းပစ္စည်းများအားရောင်းချခဲ့သော Officeworksစတိုးများတွင် ငွေကြေးဖြင့် ပြန်လည်လဲလှယ်နိုင်ကြောင်းဖော်ပြထားသည့်အတွက်မြန်မာနိုင်ငံမှစားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။