ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် လယ်ယာထွက်ကုန်သီးနှံမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိရာ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများမှာ ဖေဖော်ဝါရီလ (ပထမ ပတ်)အတွင်း နှမ်းနက်(စမုံ) (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀-၃၈၀၀၀၀)ဖြင့် အိတ် (၂၂၀၀)ကိုလည်းကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁)အိတ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမကွေးကုန်စည်ဒိုင်သို့ စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့်နှမ်းမျိုးစုံတို့ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့တွင် ဆန်အများစုကို ကုန်းဇောင်းနှင့် မြောင်းမြတို့မှ အဓိကဝယ်ယူကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်ရှိ အမှတ်(၁၀)ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ရွာတော်၊ ပန်းတော်ပြင်၊ မယ်ဇလီတောကျေးရွာတို့တွင် စပျစ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရုံးရပ်ကွက် တောင်ပိုင်း၊ ကွင်းအမှတ်(၈၆၁)- B၊ အင်းကွင်း၌ နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာ ရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ နွေစပါးများစတင်စိုက်ပျိုးလျက်ကြောင်းသိရှိရပါသည်။