ကန့်ဘလူမြို့ကုန်စုံဆိုင်းများတွင် ရောင်းချနေသည့် အညာဒေသထွက် မြေပဲယို

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်း ချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ (၁)ပိဿာလျှင်(၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၂၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင်(၉၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး(၁)ထုတ်လျှင် (၁၅၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ ယခု အချိန်ခါသည် လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရာသီဖြစ်သောကြောင့် တောင်သူဦးကြီးများသည် အဆာပြေ၊ အမေားပြေစေရန် ရေနွေးကြမ်းနှင့် တွဲဖက်စားသုံးကြသောကြောင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)