ပြည်တွင်းကုန်သွယ်မှုသတင်းများ
၂၀၂၄ မိုးရာသီ စက်တင်ဘာလ ဒုတိယပတ်တွင် ကရင်ပြည်နယ်ဒေသထွက် လောင်စာမီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်း သတင်းရရှိသည်။
ဘားအံမြို့ပေါ်ဆိုင်များတွင် ရောင်းချလျက်ရှိသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ မန္တလေးမြို့၊ ရန်ကုန်မြို့၊ မြဝတီမြို့နှင့် ဘားအံမြို့အနီးကျေးရွာများမှ အသီးသီးဝင် ရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
မြင်းခြံခရိုင်၏ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ဆောင်းကြက်သွန်နီဈေးနှုန်းများမှာ အကြီးစတစ်ပိဿာလျှင် (၁၈၀၀)ကျပ်မှ (၂၁၀၀)ကျပ်ဖြင့်လည်းကောင်း၊ အလတ်စတစ် ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၈၀၀)ကျပ်ဖြင့်လည်းကောင်း၊ အသေးစတစ်ပိဿာလျှင် (၁၂၀၀) ကျပ်မှ (၁၄၀၀) ကျပ်ဖြင့်လည်းကောင်း အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ဈေးနှုန်းများအနေဖ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး၊ စီးပွားရေးအချက်အချာကျသော ဒေသတစ်ခုဖြစ်ပါသည်။ မြင်းခြံခရိုင်၏ အဓိကစိုက်ပျိုးရေး ထွက်ကုန်များမှာ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီတို့ဖြစ်ပါသည်။ မြင်းခြံဈေးကွက်သို့ နေ့စဉ် သီးနှံမျိုးစုံဝင်ရောက်လျက်ရှိရာ ယခုစက်တင်ဘာလ ဒုတိယပတ်တွင် ရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း သို့ဝင်ရောက်လျက်ရှိပြီး စက်တင်ဘာ ဒုတိယပတ်အတွင်း၌ ဈေးနှုန်းများမှာ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ၉၃၀၀၀ကျပ်၊ မတ်ပဲထွက်တိုးတစ်တင်းလျှင် ၉၈၀၀၀ကျပ်ဖြင့် အရောင်း
