ပြည်တွင်းကုန်သွယ်မှုသတင်းများ
၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် မော်လမြိုင်မြို့၌ ကြက်သွန်ဖြူ (ရှမ်းစ)ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊ ယခင် ဩဂုတ်လတွင် ကြက်သွန်ဖြူ (ရှမ်းစ)ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀ ဖြစ်သည်။
မော်လမြိုင်မြို့၏ အေးသာယာကုန်စိမ်းဈေး၌ ခရမ်းချဉ်သီးဈေးနှုန်း အခြေအနေ မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)အတွင်း တစ်ပိဿာလျှင် ကျပ် ၂၃၀၀ မှ ၂၅၀၀ ကျပ်အတွင်းဖြစ်ခဲ့ရာမှ စက်တင်ဘာလ (တတိယပတ်)တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ ကျပ်ခန့် သိသိသာသာ ဈေးနှုန်းမြင့်တက်လာကြောင်း ကုန်စိမ်းရောင်းချသူများမှ သိရှိရသည်။

မွန်ပြည်နယ်အနေဖြင့် ငရုတ်ကောင်းပင် စိုက်ဧက ၂၉၅၃၅ ဧက၊ ရိတ်ဧက/ ခူးဆွတ်ဧက ၁၈၄၅၈၊ နှုန်း ၉၆.၉၅ ဖြင့် စုစုပေါင်းအထွက် ၁၇၈၉၄၉၇ ပိဿာထွက်ရှိသည်။ မွန်ပြည်နယ်အတွင်း မြို့နယ်များအလိုက် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင် ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့၊ လမိုင်း၊ ခေါဇာတို့၌ စိုက်ပျိုးသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ကျီးပင်ကန်ကျေးရွာမှ ကျေးရွာသူကျေးရွာသားများသည် ကွမ်းကို တစ်နိုင်တစ်ပိုင်အဖြစ်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး၊ မိုးစိုက်နှင့်ဆောင်းစိုက်ဟူ၍ရှိရာ မိုးစိုက်မှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက်ကို ပိုမိုစိုက်ပျိုးကြပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံဈေးကွက်သို့ နွေကြက်သွန်နီများ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ရက်လျှင် ပျမ်းမျှပိဿာချိန် (၇၀၀၀၀)မှ ပိဿာချိန် (၈၀၀၀၀) ခန့်ထိရှိကြောင်း၊ စက်တင်ဘာလ ပထမပတ်တွင် ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် (၅၅၀၀၀)ပိဿာခန့်ဝင်ရောက်ခဲ့ပြီး ဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် အနိမ့်ဆု
