
မြင်းခြံမြို့နယ်သည် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံနှင့် ဖူးစားပြောင်းများဖြစ်သော ထောပတ်ပြောင်း၊ သကြားပြောင်းများစိုက်ပျိုးလျက်ရှိရာ အအေးပိုင်းရာသီဥတုကို နှစ်သက်သော ရှမ်းပြောင်းဖူးများမှာ ဒေသတွင်းစိုက်ပျိုမှုမရှိကြောင်း၊ ဒေသတွင်းရောင်းချသော ရှမ်းပြောင်းဖူးများကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တို့မှ မှာယူတင်သွင်းပြီး ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် အေးမြသီတာဈေး၌ ရောင်းချနေသော တောင်ကြီးရှမ်းပြောင်ဖူး တစ်ဖူးလျှင် (၆၀၀) ကျပ်၊ ၁၀ဖူးလျှင် (၅၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ရှမ်းပြောင်းစီးစီးချိုချိုလေးသည် လူကြိုက်များ၍စားသုံးများပြားပြီး ဈေးကွက်တွင် အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ်ရှမ်းပြောင်းဖူး (၁၀၀-၁၅၀) ဖူးခန့်ရောင်းချရကြောင်း ကုန်စိမ်းသီးနှံရောင်းချသူ၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
