ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Nov 2024

            မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများသည် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ နေကြာနှင့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဝါသီးနှံကို (၂၃၂၇၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

05 Nov 2024

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာတွင် နှစ်စဉ် ဖရဲကို စိုက်ပျိုးလျက်ရှိပြီး မိုးရေသောက်စနစ်နှင့် မြေအောက်ရေသွင်းစနစ်ဟူ၍ စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် စိုက်ဧက    (၁၀၀) ကျော် စိုက်ပျိုးထားကြောင်း သိရသည်။

05 Nov 2024

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကရင်ကျေးရွာတွင် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံသီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံစိုက်ဧက ၈၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

05 Nov 2024

             ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်၊ ကျောင်းကုန်း၊ အိမ်မဲ၊ ဒါးကဒေသများတွင် မုန်လာဥဖြူများ လှိုင်လှိုင်ပေါ်ထွက်နေပြီး ယခင်နှစ်ထက်ပို၍ ဈေးကောင်းရရှိကြောင်း သိရပါသည်။ မုန်လာဥများကို စတင်စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ဥများထွက်ပေါ်လာပြီး မုန်လာဥအမျိုးအစားအလိုက် တစ်ဧကလျှင်ပေါင် (၄၅၀၀/၅၀၀၀)ခန့်ထွက်ရှိကြောင်းသိရသည်။

05 Nov 2024

      ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ မိတ္ထီလာဒေသထွက်ဖရဲသီးများ ဈေးကွက်ဝင်ရောက်လျက်ရှိကြောင်းနှင့် ကုန်သည်လောကအခေါ် ဒုံးပျံဖရဲသီးအမျိုးအစားဖြစ်ကြောင်း သိရ သည်။ ဖရဲသီးအလုံးရေ (၅၀၀၀/၆၀၀၀) ပါ (၁၂) ဘီးကားတစ်စီးလျှင်  (၉)သိန်းကျပ် ကုန်ကျစရိတ် ရှိကြောင်းနှင့် ဖရဲသီးကို ထွက်ရှိရာဒေသများ၌ အခင်းဖြတ်စနစ်ဖြင့် ဝယ်ယူ၍ သယ်ယူပို့ဆေ

Pages