သန်လျင် ခရမ်း တွင်စိုက်ပျိုး ထွက်ရှိသော ဖရဲသီးများ မအူပင်မြို့နယ် ဈေးကွက်အတွင်းဝင်ရောက်

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်၊ ခရမ်းမြို့နယ်ဘက်မှ ထွက်ရှိသော ဖရဲကျားသီးများ မအူပင်မြို့နယ် သစ်သီဝလံဈေးကွက်ထဲသို့ ဖေဖော်ဝါရီလတွင် စတင်ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ ဝင်ရောက်သော ဖရဲမျိုးမှာ ဖရဲသီးနှံ ဖရဲ-855 မျိုးဖြစ်ပြီး  ဈေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

        မအူပင်မြို့နယ် ဖရဲသီးရောင်းချသူ ကုန်အရောင်းဒိုင်မှ ခရမ်းမြို့နယ်ဘက်မှ ဖရဲစိုက်ပျိုးတောင်သူများထံချိတ်ဆက်၍ ဖရဲသီးကုန်သည်များ ဝယ်ယူရောင်းချနေကြောင်းသိရသည်။  ဖရဲသီးများကို ၁ဘတ်အတွင်း ၆ဘီးကား  ဖရဲအလုံးရေ ၈၀၀ မှ ၁၀၀၀ ကြား မှာယူရောင်းချနေကြောင်း၊ မအူပင်မြို့နယ်အတွင်း ရောင်းချမှုဈေးနှုန်းအနေဖြင့် မအူပင်ဈေးကွက်အတွင်း အလုံးကြီး ၁လုံးလျှင် ၁၅၀၀၀/-ကျပ်၊ အလုံးအလတ် ၁လုံးလျှင် ၁၀၀၀၀- ၁၂၀၀၀/-ကျပ်၊ အလုံးသေး ၁လုံးလျှင် ၈၀၀၀/-ကျပ်ဖြင့် လက်လီရောင်းချပေးလျက်ရှိသည်။ ဖရဲအခင်းပြတ်နှင့် သယ်ယူစရိတ် ၄၀ သိန်းရင်းနှီးပါက အကျိးအမြတ် ၂၀ သိန်းကျပ်ခန့်ကျန်ရှိကြောင်း ဖရဲသီး ထိခိုက်အနာအဆာများပါက အကျိုးအမြတ် ၁၀ သိန်း ၁၅သိန်းခန့်ကျန်ရှိနိုင်ကြောင်း ဖရဲသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)