ပြည်တွင်းကုန်သွယ်မှုသတင်းများ
ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ တနိုင်းနှင့် ပူတာအို ခရိုင်တို့တွင် ဆီထွက်သီးနှံ မြေပဲကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြေပဲစိုက်ဧက ၃၃၁၃၂ ဧက စိုက်ပျိုးပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စိုက်ဧက ၃၃၃၈၇ ဧက အထိ တိုးချဲ့စိုက်ပျိုးလာကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရှိရပါသည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်သည် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးသည်နှင့် သီးထပ်သီးညှပ်အဖြစ် ပဲပုပ်ကိုအဓိကထားစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး ဈေးကွက်တွင်လည်း မိုးညှင်းပဲပုပ်သည် နေရာရလျက်ရှိသောသီးနှံတစ်ခုဖြစ်ပါသည်။ ယခင်က မိုးညှင်းပဲပုပ်သည် ဈေးကွက်တွင် လူသိနည်းသော်လည်း ၂၀၁၇ ခုနှစ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာတစ်နိုင်ငံလုံး ဆိုင်ရာ ပဲပ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနီ၊ ပဲကြီး၊ ကုလားပဲ၊ ဘိုကိတ်ပြာ၊ မြေပဲနှင့် ဝါသီးနှံတို့မှာ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

လားရှိုးမြို့ ဇွန်လ ဒုတိယအပတ် ဘိလပ်မြေဈေးကွက်မှာ Crown ဘိလပ်မြေတစ်အိတ်လျှင် (၁၃၀၀၀) ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ်လျှင် (၁၃၅၀၀) ကျပ်ဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်နေပြီး ဈေးကွက်တည်ငြိမ်နေကြောင်း သိရသည်။ လားရှိုးမြို့ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်တည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးက

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး/ စစ်ရေးအခြေအနေများကြောင့် လားရှိုးမြို့ပေါ်တွင် ကုန်ဈေးနှုန်းများ တစ်နေ့ထက်တစ်နေ့မြင့်တက်လျက်ရှိကြောင်း သိရှိ ရပါသည်။ ယခင်က ရှမ်းပြည်နယ်ထွက် ခရမ်းချဉ်သီးဈေးမှာ ပုံမှန် (၁၅၀၀ မှ၂၅၀၀)ကျပ် အတွင်းရှိသော်လည်း ယခုအခါတွင် တစ်နိုင်ငံလုံးနည်းတူ ၆၀၀၀ကျပ်အထိမြင့်တက်လျက်
